တရုတ်နိုင်ငံက မြို့တစ်မြို့မှာ ခွေးသားနဲ့ ကြောင်သား စားသုံးမှု၊ ရောင်းချမှု ပိတ်ပင်

intltoday004.jpg

ရှန်ကျန်းမြို့ဟာ တရုတ်နိုင်ငံမှာ ခွေးသားနဲ့ ကြောင်သား စားသုံးမှု၊ ရောင်းချမှုကို ပိတ်ပင်တဲ့ ပထမဆုံးမြို့ ဖြစ်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက သားရဲတိရစ္ဆာန်တွေနဲ့ ဆက်နွှယ်နေတယ်လို့ တွေ့ရှိခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက သားရဲတိရစ္ဆာန် ကုန်ကူးမှု၊ စားသုံးမှုတွေကို ပိတ်ပင်ထားပါတယ်။ ရှန်ကျန်းမြို့ကတော့ နောက်တစ်ဆင့် ထပ်တိုးပြီး ခွေးသားနဲ့ ကြောင်သား စားသုံးမှု၊ ရောင်းချမှုတွေကိုပါ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ရှန်ကျန်းမြို့မှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ မေလ ၁ ရက်မှာ စတင်အကျုံးဝင်မှာဖြစ်ပါတယ်။

နိုင်ငံတကာလူ့အဖွဲ့အစည်း(HIS)ရဲ့ ပြောကြားချက်အရ အာရှတိုက်တစ်ဝန်းမှာ နှစ်စဉ်နှစ်တိုင်း ခွေးအကောင်ရေ သန်း ၃၀ နီးပါးလောက်ကို သတ်စားခံနေရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံသား အများစုကတော့ ခွေးကို သတ်စားတာမျိုး လုံးဝမလုပ်ဖူးဘူး၊ အဲဒီလို မလုပ်ချင်ဘူးလို့ ပြောကြပါတယ်။ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားပေးနေတဲ့ HSI အဖွဲ့က ရှန်ကျန်းမြို့ရဲ့ ဥပဒေသစ်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ COVID-19 လူနာတွေကို ဝက်ဝံသည်းခြေနဲ့ ကုသပေးဖို့ တရုတ်အစိုးရက အတည်ပြုပေးခဲ့ပါတယ်။ ဝက်ဝံအရှင်ရဲ့ အစာချေစနစ်အရည်ထဲကနေ စုပ်ယူတဲ့ ဝက်ဝံသည်းခြေဟာ တရုတ်တိုင်းရင်းဆေးတွေမှာ ကာလရှည် အသုံးပြုခဲ့တဲ့ ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ဖို့ ထိရောက်မှုရှိလားဆိုတဲ့ သက်သေပြချက် မရှိသေးပါဘူး။ သည်းခြေရည် အထုတ်ခံရတာဟာ ဝက်ဝံတွေကို အဆမတန် နာကျင်စေပြီး စိတ်ဖိစီးမှု များစေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top