အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေ ၁၀ သန်းနီးပါး ရှိလာပြီး ၂၀၀၈ ကမ္ဘာ့စီးပွားပျက်ကပ်ကာလထက် ပိုဆိုးနေ

intltoday002.jpg

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်လာပြီး စီးပွားရေးလောကအပေါ် ရိုက်ခတ်မှု ပြင်းထန်လာလို့ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူအရေအတွက် ရက်သတ္တနှစ်ပတ်ဆက်တိုက် စံချိန်တင်ခဲ့ပါတယ်။ မတ်လ ၂၈ ရက် အဆုံးသတ်တဲ့ ရက်သတ္တပတ်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၆.၆ သန်းကျော် ရှိခဲ့တယ်လို့ အမေရိကန် အလုပ်သမားရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တနှစ်ပတ်ကလည်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၃.၃ သန်းကျော်ရှိခဲ့ပါတယ်။ အဲဒီအတွက် COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားတဲ့ ကာလအတွင်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ၁၀ သန်းလောက်ရှိနေပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားပျက်ကပ် ကြုံတွေ့ခဲ့တဲ့ ၂၀၀၈ ခုနှစ်ထက် ပိုများနေပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ၉ သန်းပဲ ရှိခဲ့ပါတယ်။

ပုံမှန်အားဖြင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ၃.၅ ရာခိုင်နှုန်းဝန်းကျင်ပဲရှိပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ အမေရိကန်နိုင်ငံဟာ အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံတွေ့နိုင်ပြီး အလုပ်လက်မဲ့ဦးရေက လူဦးရေ၏ ၁၅ ရာခိုင်နှုန်းကျော် ရှိလာနိုင်တယ်လို့ အမေရိကဘဏ်ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရသူ တစ်သန်းကျော်ရှိနေတဲ့အနက် ၄ ပုံ၊ ၁ ပုံနီးပါးက အမေရိကန်နိုင်ငံက ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အသွားအလာ ကန့်သတ်မှုလုပ်နိုင်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top