ရေသူမလုပ်တမ်း ကစားနေတုန်း ငါးမန်းကိုက်ခံရလို့ ခြေထောက်ပြတ်ခဲ့ရသူ

9-15-2022-yyl-27.jpg

ဆယ်ကျော်သက် ကောင်မလေး ပေ့ချ်ဝင်းတားဟာ ကမ်းခြေ ရေစပ်မှာ ရေသူမဝတ်စုံ ဝတ်ပြီး ရေသူမလုပ်တမ်း ကစားနေတုန်း ငါးမန်းကိုက်ခံရလို့ ခြေထောက်တစ်ဖက် ပြတ်ခဲ့ရပါတယ်။ ဒါတောင် သူ့အဖေက ငါးမန်းကို လက်သီးနဲ့ ၅ ချက်ထိုးပြီး သူ့ကို ဘေးလွတ်ရာ ဆွဲခေါ်လာနိုင်ခဲ့လို့ပါ။ သူ့အဖေသာ မကယ်ရင် သူ အသက်ရှင်ဖွယ်ရာ မရှိပါဘူး။

ငါးမန်းကိုက်ခံရတဲ့ ပေ့ချ်ဝင်းတားကို ရဟတ်ယာဉ်နဲ့ ဆေးရုံတင်ပို့ခဲ့ရပြီး ဘယ်ဘက်ခြေထောက်ကို ဒူးအထက်ကနေ ဖြတ်ခဲ့ရသလို သူ့လက်နှစ်ဖက်လုံးလည်း ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လက မြောက်ကာရိုလိုင်းနားပြည်နယ် ဖို့တ်မာကွန်ကမ်းခြေမှာ အဲဒီလို ဖြစ်ပွားခဲ့ပြီး အဲဒီအချိန်မှာ ပေ့ချ်ဝင်းတားက အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။

Ref: Paige Winter

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply