ဓာတ်ပုံဆရာတစ်ဉီး လွန်ခဲ့တဲ့ နှစ် ၄၀ က ရိုက်ခဲ့တဲ့ဓာတ်ပုံတွေထဲက လူတွေကို ပြန်ရှာပြီး ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံများ

11-2-2022-yyl23.jpg

ခရစ် ပေါ်စ်ဇ် (Chris Porsz) ဆိုသူက လူတွေရဲ့နေ့စဉ်ဘဝတွေကို မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာဖြစ်ခဲ့တာကြာလှပါပြီ။ ၁၉၈၀ ပြည့်အစောပိုင်းက သူဟာ သူစိမ်းလူတွေရဲ့ ဓာတ်ပုံတော်တော်များများကို ရိုက်ဖြစ်ခဲ့ပါတယ်။ နှစ် ၄၀ ကြာပြီးတဲ့နောက်မှာ ခရစ်က အဲဒီတုန်းက သူ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲက လူတွေကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ၁၉၈၀ ခုနှစ်ရဲ့ ဓာတ်ပုံတွေထဲက လူတွေကို အခု ပြန်လည်ရိုက်ဖြစ်ခဲ့တဲ့ “ပြန်လည်ဆုံစည်းခြင်းရဲ့ဓာတ်ပုံစုစည်းမှု”က ဖြစ်ပေါ်လာခဲ့ပါတယ်။

နှစ်တွေတော်တော်ကြာသွားခဲ့ပေမဲ့ ဓာတ်ပုံထဲက လူတွေကို အဲဒီတုန်းက ရိုက်ခဲ့တဲ့ နေရာမှာပဲ ပြန်လည်ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို စာဖတ်ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီတုန်းက ပုံတွေနဲ့ အခုပုံတွေကို နှိုင်းယှဉ်ကြည့်လို့လည်းရပါတယ်။ ခရစ်က ဒီဓာတ်ပုံစုစည်းမှုကို စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေခဲ့ပြီး အဲဒီက ရရှိခဲ့တဲ့ ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းကို ရင်သားကင်ဆာသုတေသနဆီ လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဓာတ်ပုံဆရာ ခရစ်ရဲ့ ဓာတ်ပုံလက်ရာတွေကို စာဖတ်ပရိသတ်တွေအတွက် စုစည်းဖော်ပြပေးလိုက်ရပါတယ်။

၁၉၈၁ခုနှစ်က ရိုက်ခဲ့တဲ့ ဒီဓာတ်ပုံထဲက အမျိုးသားကို ရှာဖို့ ခရစ်ဟာ ၁၀ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။
၁၉၈၃ခုနှစ်က ဆေးရုံဝန်ထမ်းတွေ နေ့လယ်စာစားနေကြတဲ့ဓာတ်ပုံနဲ့ ၂၀၂၀ခုနှစ်မှာ ပြန်လည်ရိုက်ကူးထားတဲ့ဓာတ်ပုံပါ။
ဘတ်စ်ကားကို စောင့်နေတဲ့ ကောင်မလေးတွေရဲ့ဓာတ်ပုံကို ၁၉၈၁ခုနှစ်မှာ ရိုက်ခဲ့တာပါ။ သူတို့ ၂ ယောက်က အထက်တန်းကျောင်းကနေစပြီး ဘွဲ့ရတဲ့အထိ အချင်းချင်းမတွေ့ဖြစ်ခဲ့ပေမဲ့ ၃၂ နှစ် အကြာမှာတော့ ဓာတ်ပုံအတူတူပြန်ရိုက်ဖို့ ပထမဆုံးအကြိမ် တွေ့ဖြစ်ခဲ့ကြပါတယ်။
၁၉၈၀ခုနှစ်က သူတို့အားလုံး နေထိုင်တဲ့ နေရာရဲ့ လမ်းဘေးဆိုင်းဘုတ်ဘေးမှာ ဓာတ်ပုံအရိုက်ခံခဲ့တဲ့ သူငယ်ချင်းတစ်စုပါ။ ၂၀၂၁ခုနှစ်မှာ အဲဒီသူငယ်ချင်းတစ်စုကို အဲဒီနေရာမှာပဲ ဓာတ်ပုံပြန်ရိုက်ခဲ့ပါတယ်။
၁၉၈၀ခုနှစ်က ဝတ်စုံပြိုင်ပွဲတစ်ခုမှာ Chimney Sweep အဖြစ် ဝတ်ဆင်ခဲ့တဲ့ ကောင်လေးက လက်ရှိမှာတော့ အခုလိုပုံစံဖြစ်နေပါပြီ။
၁၉၉၁ ခုနှစ်နဲ့ ၂၀၂၁ခုနှစ်ရဲ့ မောင်နှမဓာတ်ပုံ
၁၉၈၂ခုနှစ် က ရေခဲမုန့်ရောင်းသူနဲ့ ဝယ်သူတို့ကို ၂၀၂၁ခုနှစ်မှာ ဓာတ်ပုံပြန်ရိုက်ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံထဲက ဒီညီအစ်ကိုနှစ်ယောက်က ၁၉၇၉ခုနှစ်ကနေ ၁၉၉၆ခုနှစ်အထိ စတိုးဆိုင်တစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ အခုတော့ သူတို့ အနားယူသွားခဲ့ပေမဲ့ ဓာတ်ပုံပြန်ရိုက်ဖို့အတွက် ဆိုင်ကောင်တာမှာ ရပ်ဖို့ ပြန်လာခဲ့ပါတယ်။
၁၉၈၂ခုနှစ်က ဓာတ်ပုံနဲ့ ၂၀၂၀ခုနှစ်မှာ ပြန်ရိုက်ခဲ့တဲ့ ဓာတ်ပုံ
၁၉၈၅ခုနှစ် ဓာတ်ပုံမှာ ကောင်မလေး ၂ ယောက် ကျောင်းကနေ ဘွဲ့ရခဲ့တဲ့အတွက် ရိုလာကိုစတာစီးပြီး ပျော်ရွှင်နေခဲ့ကြတာပါ။ ၂၀၂၁ခုနှစ်မှာ သူတို့ ၂ ယောက် ရိုလာကိုစတာကို ထပ်စီးခဲ့ကြပါတယ်။
၁၉၈၀ ခုနှစ်က ခရစ္စမတ်ဓာတ်ပုံကို ပြန်လည်ရိုက်ဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက သူငယ်ချင်းတစ်ယောက်က သူ့သားတွေကို ဓာတ်ပုံရိုက်ပေးဖို့ ခရစ်ကို တောင်းဆိုခဲ့တာပါ။ အခု သူတို့တွေ အခုလိုပုံစံဖြစ်နေပါပြီ။
၁၉၉၄ခုနှစ်နဲ့ ၂၀၂၁ခုနှစ်ရဲ့ အဖေနှင့် သူ့ရဲ့သမီးများဓာတ်ပုံ
၁၉၈၀ခုနှစ်က ခရစ်ဟာ ဒီအမျိုးသားကို သူ့အိမ်နီးချင်းရဲ့ကားဘေးမှာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ Ford Cortina ပုံစံတူကားမျိုးရှာဖို့ မလွယ်ခဲ့ပါဘူး။ ဒါပေမဲ့ ဓာတ်ပုံဆရာနဲ့သူ့မော်ဒယ်ကတော့ မဖြစ်မဖြစ်အောင် ရိုက်ခဲ့ပါတယ်။
၁၉၈၀တုန်းကနဲ့ လက်ရှိ ညီအစ်ကို ၂ ဉီး
၁၉၈၉ခုနှစ်က ဒီအမျိုးသားက လမ်းသန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့တာပါ။ ၂၀၂၀ခုနှစ်မှာ ခရစ်က သူ့ကို သူ့ရဲ့သန့်ရှင်းရေးစက်အသစ်နဲ့ ဓာတ်ပုံပြန်ရိုက်ဖြစ်ခဲ့ပါတယ်။

Ref: Brightside “A Photographer Found People He Took Photos of 40 Years Ago, and Now They Look Really Different”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top