COVID 19 နဲ့ ပတ်သက်ပြီး ခွန်းတုံ့မပြန်ခဲ့တဲ့ ဒေါ်နယ်လ်ထရန့် ကိုမကျေနပ်ကြောင်း ထုတ်ပြခဲ့တဲ့ ခရစ်အီဗင်

17-3-2020-yyl-016.jpg

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်လို့ သိကြတဲ့ COVID 19 ကြောင့် အနုပညာရှင်တွေအပါအဝင် လူတော်တော်များများ စိုးရိမ်ပူပန်နေကြရပါတယ်။ တစ်နေ့တစ်နေ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို နားစွင့်နေကြရပါတယ်။ နိုင်ငံအသီးအသီးက ပြည်သူတွေဟာ အစိုးရက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဖို့အတွက် ဘာတွေလုပ်ဆောင်နေကြရလဲ ဆိုတာကို သိချင်မိကြပါတယ်။ အခုလည်း Captain America ဇာတ်ဆောင် ခရစ်အီဗင် (Chris Evan) က အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် ကို COVID 19 နဲ့ ပတ်သက်ပြီး ပြည်သူတွေကို ခွန်းတုံ့မပြန်ခဲ့တဲ့အတွက် မကျေမနပ်ဖြစ်နေကြောင်းကို တွစ်တာအကောင့်မှာ ထုတ်ပြခဲ့တယ်လို့ Variety သတင်းအရ သိရပါတယ်။

အမေရိကန်လူမျိုး ၃,၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အမေရိကန်မှာ တနင်္ဂနွေနေ့က နိုင်ငံတော် အရေးပေါ်အခြေအနေ ခေါ်ယူခဲ့ပြီး သမ္မတဒေါ်နယ်ထရန့်က “ကျွန်တော်တို့အားလုံး အဆင်ပြေသွားတော့မှာပါ” လို့ ပြောခဲ့ပါတယ်။ အဲဒါတင်မကသေးပါဘူး။ သတင်းစာရှင်းလင်းပွဲမှာ မေးသမျှ ဘာမေးခွန်းမှ ဖြေမသွားခဲ့ပဲ အလျင်အမြန်ထွက်သွားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အဲဒီလိုပြုမူခဲ့တာကြောင့် ခရစ်အီဗင်က သူ့ရဲ့အမြင်ကို တွစ်တာအကောင့်မှာ ဖွင့်ဟခဲ့ပုံပါပဲ။

“သမ္မတက သတင်းစာရှင်းလင်းပွဲမှာ ဘာမေးခွန်းမှ မဖြေခဲ့ဘဲ စင်ပေါ်ကနေ ထွက်သွားခဲ့တယ်။ အမေရိကန်လူမျိုးတွေက အဖြေကို လိုချင်တာပါ။ အမေရိကန်လူမျိုးတွေက ခေါင်းဆောင်မှုကို လိုချင်တာပါ။ အမေရိကန်လူမျိုးတွေက အထွပ်အထိပ်ရောက်နေချိန်မှာ စင်ပေါ်က အလျင်မြန်ဆင်းသွားခဲ့တဲ့ သမ္မတကို လိုချင်တာမဟုတ်ပါဘူး” လို့ ခရစ်အီဗင်က တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သမ္မတဒေါ်နယ်လ်ထရန့်ရဲ့တုံ့ပြန်မှုက ခရစ်အီဗင်ကိုသာမက ခရစ်အီဗင်ရေးသားထားတဲ့စာကို ကွန်မန့်တွေပေးခဲ့ကြတဲ့ အမေရိကန်လူမျိုးအများစုကိုလည်း ဒေါသထွက်စေခဲ့ပါတယ်။ ခရစ်အီဗင်က ဒေါ်နယ်လ် ထရန့်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်တွေကို ထုတ်ပြခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်ကလည်း ခရစ်အီဗင်က အမေရိကန်သမ္မတဒေါ်နယ်လ် ထရန့် ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ဖူးပါတယ်။

Ref: Chris Evans lashes out at Donald Trump for his response to COVID-19

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top