သတိလစ်သွားတဲ့ စကူဘာရေငုပ်သမားကို ရေသူမ ၃ ယောက်က အသက်ကယ်

15-11-2022yyl10.jpg

စကူဘာ ဒိုင်ဗင် ကူးခတ်နေရင်း သတိလစ်သွားတဲ့ အမျိုးသားတစ်ယောက်ကို ရေသူမ ၃ ယောက်က အသက်ကယ်တင်ပေးခဲ့ပါတယ်။ သူတို့က တကယ့်ရေသူမအစစ်တွေတော့ မဟုတ်ပါဘူး။ ရေသူမအဖြစ် ဖျော်ဖြေတင်ဆက်သူတွေပါ။

ပြီးခဲ့တဲ့လက ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တောင်ဘက်ဖျားမှာရှိတဲ့ တူးမြောင်းကျွန်းမှာ သားအဖ နှစ်ယောက်အပါအဝင် အမျိုးသား ၃ ယောက် စကူဘာဒိုင်ဗင် ငုပ်ခဲ့ကြတာပါ။ အဲဒီနေ့မှာ ရေသူမအဖြစ် ဖျော်ဖြေတင်ဆက်သူ အယ်လီကလည်း သင်တန်းသူ နှစ်ယောက်ကို သဘာဝရေပြင်ထဲမှာ ရေသူမအဖြစ် ဖျော်ဖြေပုံနည်းလမ်းတွေ သင်တန်း ပို့ချနေတာပါ။

နေ့လယ်ခင်းလောက်မှာ မလှမ်းမကမ်းကနေ အကူအညီ အော်တောင်းသံကြားလို့ သူတို့ သွားကြည့်လိုက်တော့ ပါဘလိုအဗီလာဆိုတဲ့ အသက် ၇၀ အရွယ် အမျိုးသားက သတိလစ်နေတာ တွေ့လိုက်ရပါတယ်။ သူတို့က အဗီလာရဲ့ စကူဘာရေငုပ်ဝတ်စုံကို ချွတ်ပြီး ပါးစပ်ချင်းတေ့ကာ လေမှုတ်သွင်းပေးခဲ့ကြပါတယ်။

အဲဒီနောက်မှာ ကမ်းပေါ် ဆွဲခေါ်လာခဲ့ပြီး အသက်ပြန်ရှူလာအောင် အရေးပေါ်ကုသနည်းတွေ လုပ်ခဲ့ကြပါတယ်။ ကမ်းပေါ်ရောက်ပြီး မိနစ် ၂၀ အကြာမှာတော့ အဗီလာက နှလုံးပြန်ခုန်လာခဲ့တာပါ။ အဗီလာကတော့ သူ့ကို ရေသူမတွေက အသက်ကယ်ပေးခဲ့ကြောင်း သိရချိန်မှာ တော်တော်လေး အံ့အားသင့်ခဲ့ပါတယ်။

Ref: A Pod Of Mermaids In California Saved A Scuba Diver From Drowning

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top