ယာဉ်တွေကို စစ်ဆေးနေတဲ့ ရဲအရာရှိတစ်ယောက် ပစ်သတ်ခံရ

19-6-2020-yyl-008.jpg

နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့မှာ ပုံမှန်အတိုင်း ယာဉ်တွေကို စစ်ဆေးနေတဲ့ ရဲအရာရှိတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။ ဇွန်လ ၁၉ ရက်က မက်ဆေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ တခြားရဲအရာရှိတစ်ယောက်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီး သေနတ်သမားက ကားမောင်းပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အခုအချိန်အထိ သေနတ်သမားကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့ ရဲအရာရှိက ခြံစည်းရိုးကို ခုန်ကျော်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ယောက်က ပြောပါတယ်။

ပုံမှန်အားဖြင့် နယူးဇီလန်နိုင်ငံမှာ ရဲတွေက သေနတ်ကိုင်ဆာင်လေ့မရှိပါဘူး။ တာဝန်ချိန်မှာ ရဲအရာရှိတွေ ပစ်သတ်ခံရတယ်ဆိုတာကလည်း ကြုံတောင့်ကြုံခဲဖြစ်ပြီး ၂၀၀၉ ခုနှစ် မေလက နေပီယာမြို့ရဲ့ အိမ်တစ်လုံးမှာ ရှာဖွေရေးဝရမ်းနဲ့ သွားရောက်ရှာဖွေခဲ့တဲ့ ရဲတပ်သားတစ်ယောက် ပစ်သတ်ခံရတာ နောက်ဆုံးအကြိမ်ပါပဲ။ မက်ဆေးမြို့က တိုက်ခိုက်မှုမှာ သေနတ်သမားက အရပ်သားတစ်ယောက်ကိုလည်း ကားနဲ့ဝင်တိုက်ခဲ့လို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top