ရီးရဲလ်အသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ ပွတ်ရှ်ကပ်ကို ကျော်ပြီး အဆင့် ၅ နေရာ ရောက်လာတဲ့ ဘန်ဇီမာ

19-6-2020-yyl-009.jpg

ဗလင်စီယာကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီမာဟာ ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ဟန်ဂေရီတိုက်စစ်မှူး ပွတ်ရှ်ကပ်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဘန်ဇီမာဟာ ပွဲချိန်မိနစ် ၆၀ မှာ ဟာဇက်ရဲ့ ဖန်တီးမှုကနေ ရီးရဲလ်အတွက်အဖွင့်ဂိုးသွင်းယူခဲ့သလို ပွဲချိန် ၈၆ မိနစ်မှာ မြေမကျကန်ချက်နဲ့ ပွဲသိမ်းဂိုးသွင်းခဲ့တာပါ။ ဗလင်စီယာဘက်ကို ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘန်ဇီမာဟာ ရီးရဲလ်အတွက် သွင်းဂိုး ၂၄၃ ဂိုးအထိ ရှိလာခဲ့ပြီး ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းမှာ အဆင့်(၅) နေရာ ရောက်ရှိလာခဲ့ပါတယ်။

ရီးရဲလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း ပွတ်ရှ်ကပ်ကတော့ သွင်းဂိုး ၂၄၂ ဂိုးနဲ့ အဆင့်(၆) ဖြစ်သွားခဲ့ပါတယ်။ ဘန်ဇီမာဟာ ရီးရဲလ်အသင်းသမိုင်းမှာ ၈ ရာသီနဲ့အထက်အထိ တစ်ရာသီ သွင်းဂိုး(၂၀)အထက် သွင်းယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမား ( ရော်နယ်ဒို၊ ဒီစတီဖာနိုနဲ့ ရာအူးလ်တို့ပြီးနောက်) ဖြစ်လာခဲ့ပါတယ်။ ဗလင်စီယာနဲ့ပွဲမှာ ရီးရဲလ်အတွက် ဒုတိယဂိုးသွင်းပေးခဲ့တဲ့ အဆန်စီယိုကတော့ ၂၀၀၅-၂၀၀၆ ရာသီနောက်ပိုင်း ရီးရဲလ်အတွက် လူစားဝင်လာပြီးနောက် အမြန်ဆုံးဂိုးသွင်းနိုင်သူ ဖြစ်လာပါတယ်။ အဆန်စီယိုဟာ လူစားဝင်လာပြီး ၃၁ စက္ကန့်အကြာမှာ ဂိုးသွင်းနိုင်ခဲ့တာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top