အီရန်နိုင်ငံမှာ ဒွိဟဖြစ်စရာကောင်းတဲ့ မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ပွားနေ

16-7-2020-yyl-006.jpg

အီရန်နိုင်ငံတောင်ပိုင်း ဘူရှီဟာဆိပ်ကမ်းရဲ့ သင်္ဘောကျင်းမှာ အနည်းဆုံးစက်လှေ ၇ စင်း မီးလောင်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အီရန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒွိဟဖြစ်စရာ မတော်တဆမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

အီရန်နိုင်ငံရဲ့ ဒုံးကျည်စက်ရုံ၊ စွမ်းအင်စက်ရုံ၊ ဆေးရုံနဲ့ နျူကလီးယားစွမ်းအင်စက်ရုံတွေမှာ ပေါက်ကွဲမှုတွေ၊ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် အဖျက်အမှောင့်လှုပ်ရှားမှုတွေ ရှိနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ကလည်း အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း မာရှက်မြို့အနီးက စက်မှုဇုန်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ ဂတ်စ်အိုး ၆ လုံး မီးလောင်ခဲ့ပြီး ဂတ်စ်အိုးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဇူလိုင်လက ၂ ရက်က နာတန့်ဇ်ယူရေနီယမ်သန့်စင်ရေးစက်ရုံ၊ ဇွန်လ ၂၆ ရက်က ခိုဂျာဒုံးကျည် ထုတ်လုပ်ရေးစက်ရုံတို့မှာ ပေါက်ကွဲမှုဖြစ်ပွားတာတွေက ပြည်ပနိုင်ငံတွေ ဒါမှမဟုတ် ပြည်တွင်း အတိုက်အခံအဖွဲ့တွေရဲ့ အဖျက်အမှောင့်လုပ်ရပ် ဟုတ်၊ မဟုတ်ဆိုတာ သိရအောင် စုံစမ်းနေတယ်လို့ အီရန်အရာရှိတွေက ပြောပါတယ်။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top