သမုဒ္ဒရာထဲ ၃ လကြာ မျောပါခဲ့တဲ့ အမျိုးသားနဲ့ ခွေးတစ်ကောင်ကို ကယ်တင်နိုင်ခဲ့

18.7.23-yyl-4.jpg

သမုဒ္ဒရာထဲမှာ ၃ လကြာ မျောပါခဲ့တဲ့ သြစတြေးလျအမျိုးသားနဲ့ သူ့ရဲ့ခွေးငယ်ကို မက္ကဆီကိုငါးဖမ်းသင်္ဘောက ကယ်တင်နိုင်ခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ်ရှိတဲ့ တင်ရှက်ဒေါ့ခ်နဲ့ ခွေးငယ် ဘယ်လာတို့ဟာ လွန်ခဲ့တဲ့ ၃ လက မက္ကဆီကိုနိုင်ငံ လာပက်ဇ်မြို့ကနေ ဒွာလောင်းလှေနဲ့အတူ စတင်ထွက်ခွာလာခဲ့တာပါ။

တစ်လအကြာမှာတော့ မုန်တိုင်းမိပြီး လှေပေါ်က အီလက်ထရောနစ်ပစ္စည်းအားလုံး ပျောက်ဆုံးသွားခဲ့ပါတယ်။ ရှက်ဒေါ့ခ်နဲ့ ဘယ်လာတို့ဟာ ငါးအစိမ်းစား၊ မိုးရေသောက်ပြီး အသက်ဆက် ရှင်သန်ခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်းပတ်မှာ မက္ကဆီကို ငါးဖမ်းသင်္ဘောနဲ့အတူ ခြံရံလိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်က ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှာ ရှက်ဒေါ့ခ်ရဲ့ လှေကို တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့အားလပ်ရက်မှာ တူနာငါးဖမ်းသင်္ဘောက သူတို့ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

” အနားယူပြီး အစားကောင်းကောင်းစားလိုက်ရင် ပြန်ကောင်းသွားမှာပါ။ ကျွန်တော် အစာဝဝလင်လင် မစားရတာ ကြာပါပြီ” လို့ ရှက်ဒေါ့ခ်က ဆိုပါတယ်။ ရှက်ဒေါ့ခ်ဟာ လှေပေါ်မှာ ရွက်ဖျင်အမိုး ထိုးပြီး နေလောင်ဒဏ်မခံရအောင် နေထိုင်ခဲ့တာကြောင့် မိုးရေအနည်းငယ်သောက်ပြီး အသက်ဆက် ရှင်နိုင်ခဲ့တာလို့ ပို့စ်မောက်တက္ကသိုလ်ရဲ့ ဇီဝကမ္မ ပါမောက္ခ မိုက်တစ်ပ်တန်က ပြောပါတယ်။

” နေလောင်ဒဏ် ခံရရင် ခန္ဓာကိုယ်အပူချိန် ထိန်းညှိနိုင်စွမ်းကို ထိခိုက်စေနိုင်တယ်။ လှုပ်လှုပ်ရှားရှား မလုပ်ဘဲ ခန္ဓာကိုယ်ကို အေးမြနေအောင် ထားနိုင်ရင် တစ်နေ့တာကို ၁၁၀ မီလီလီတာကနေ ၂၂၀ မီလီလီတာလောက်ပဲ ရေသောက်ပြီး ရှင်သန်နိုင်တယ်”လို့ မိုက်တစ်ပ်တန်က ဆိုပါတယ်။

Ref: A sailor and his dog found after months stranded in the Pacific

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top