အနီရောင်စက်ဘီးသစ်လေး ခိုးယူခံရခြင်းက ကက်စီးယက်စ်ကလေးကို သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး လက်ဝှေ့သမားဖြစ်လာစေမယ့် လမ်းကြောင်းပေါ် ရောက်စေခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် အောက်တိုဘာလထဲက တစ်ရက်မှာတော့ ကက်စီးယက်စ်ကလေးက ကိုလံဘီယာခန်းမမှာ ကျင်းပတဲ့ပွဲတစ်ပွဲကို လာကြည့်ခဲ့တယ်။ အဲဒီတုန်းက သူ့အသက် ၁၂ နှစ်ပဲ ရှိသေးတာပါ။
ပွဲကြည့်ပြီး ပြန်ထွက်လာတော့ အပြင်ဘက်မှာ ရပ်ထားတဲ့ အသစ်စက်စက် စက်ဘီးလေးကို ရှာမတွေ့တော့ဘူး၊ အခိုးခံလိုက်ရပြီ။ အဲဒီခန်းမရဲ့ မြေအောက်ခန်းထဲမှာ ရဲအရာရှိတစ်ယောက်ရှိတယ်လို့ ပြောကြတာကြောင့် မြေအောက်ခန်းထဲ ရောက်သွားတော့ လက်ဝှေ့ Gym တစ်ခု ဖြစ်နေတယ်။ အဲဒီလက်ဝှေ့ Gym မှာ လက်ဝှေ့နည်းပြလုပ်နေတဲ့ ရဲအရာရှိ ဂျိုးမာတင်နဲ့ ဆုံတယ်။ ” ကျွန်တော့်စက်ဘီး ခိုးသွားတဲ့ သူခိုးကို ထိုးကြိတ်ဆုတ်ဖြဲပစ်ချင်တယ်” ဆိုတဲ့ ကက်စီးယက်စ်ကလေးရဲ့စကားထဲကနေ သူ့ရဲ့ဗီဇကို ဂျိုးမာတင် မြင်တွေ့ခဲ့တယ်။ ဒီလိုနဲ့ ကက်စီးယက်စ်ကလေးက ဂျိုးမာတင်ဆီမှာ လက်ဝှေ့သင်တယ်။ လက်ဝှေ့သင်ပြီး ၆ ပတ်အကြာမှာပဲ ပထမဆုံးနိုင်ပွဲ ရခဲ့တယ်။ ၆ နှစ်အကြာမှာတော့ ရောမအိုလံပစ်ရွှေတံဆိပ်ဆု ရတယ်။
ကက်စီးယက်စ်ကလေးဆိုတာကတော့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး လက်ဝှေ့သမား မိုဟာမက်အလီပါပဲ။ ” လိပ်ပြာလို ပျံဝဲပြီး ပျားလို တုပ်” တဲ့ သူ့ရဲ့ ထိုးသတ်ဟန်ဟာ ဂျိုးမာတင်ရဲ့ လက်ဝှေ့ဒဿနလို့ ဆိုစမှတ်ပြုကြပါတယ်။
Ref: A Stolen Bicycle, Muhammad Ali and Joseph Martin Sr
NZ ( ရိုးရာလေး)