အိမ်မွေးခွေးတစ်ကောင်ရဲ့ အသိအမှတ်ပြုလောက်စရာ သိတတ်မှု

dogfea01.jpg

ခွေးတွေဟာ အံ့သြစရာကောင်းလှတဲ့ သက်ရှိသတ္တဝါတွေပါပဲ။ အခြားတိရစ္ဆာန်တွေနဲ့ယှဉ်ရင် ခွေးတွေက လူတွေနဲ့ အနေနီးပြီး လူတွေအပေါ်သစ္စာရှိကြပါတယ်။ လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ကာကွယ်စောင့်ရှောက်တဲ့သူလို့လည်း သတ်မှတ်လို့ရပါတယ်။ ခွေးတွေဟာ ကျရောက်နေရတဲ့အန္တရာယ်တွေနဲ့ပတ်သက်ပြီး လူသားတွေကို သတိပေးတဲ့၊ လူသားတွေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း ကျွန်တော်တို့တွေ မြင်ဖူးကြားဖူးကြမှာပါ။ ကလေးထိန်းတစ်ယောက်က လသားအရွယ်လေးကို ညှဉ်းပန်းနှိပ်စက်နေကြောင်းကို ခွေးလေးတစ်ကောင်က ကလေးရဲ့မိဘတွေကို အသိပေးတဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်လေးကတော့ ဒီလိုပါ။

လွန်ခဲ့တဲ့ (၅) လလောက်က မြောက်ကယ်ရိုလိုင်းနားပြည်နယ်က ဂျော်ဒန်မိသားစုဆီမှာ အဲလစ် ကမ် (Alexis Khan) ဆိုတဲ့အမျိုးသမီးက ကလေးထိန်းအနေနဲ့ လာရောက်လုပ်ကိုင်ခဲ့ပါတယ်။ လုံ့လဝီရီယနဲ့ ကြိုးကြိုးစားစားလုပ်ကိုင်တာကြောင့် ဂျော်ဒန်မိသားစုက သူ့သားလေး ဖင် ဂျော်ဒန် (Finn Jordan) အတွက် ကလေးထိန်းကောင်းတစ်ယောက်ရပြီလို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ လသားအရွယ်သားရှိသေးတဲ့ သူတို့ရဲ့သားလေးကို ကမ်က နှုတ်နဲ့ကော၊ ကိုယ်ထိလက်ရောက်ပါ နှိပ်စက်နေတာပါ။

ဂျော်ဒန်မိသားစုရဲ့အိမ်မှာ မွေးထားတဲ့ခွေးလေး Killian က ကလေးနားကို ကလေးထိန်းသွားတဲ့အခါတိုင်း ရန်လိုနေတတ်ပါတယ်။ ကလေးရဲ့မိဘတွေက သူတို့ခွေးလေးရဲ့ အပြုအမူတွေ ထူးဆန်းနေတာကို သတိထားမိခဲ့ကြပါတယ်။ ဂျော်ဒန်တို့က မင်္သကာတာနဲ့ပဲ ဖုန်းနဲ့ အသံသွင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသံသွင်းလိုက်တဲ့အခါမှာတော့ သူတို့ရဲ့သားလေးကို ကလေးထိန်းကမ်က ကြိမ်းဆဲနေတာ၊ ရိုက်နှက်နေတာတွေက ဘူးပေါ်သလို ပေါ်လာခဲ့ပါတယ်။ ကမ်လည်း ကလေးကို ညှဉ်းပန်းနှိပ်စက်မှုကြောင့် အဖမ်းခံခဲ့ရပါတယ်။ အခုတော့ ကမ်က ထောင်ကျနေပြီး ဖင် ဂျော်ဒန်ကတော့ ကျန်းမာပျော်ရွှင်နေတဲ့ချစ်စရာကလေးလေး ဖြစ်နေပါပြီ။

ဂျော်ဒန်မိသားစုရဲ့ ခွေးလေး Killian ကြောင့်သာမဟုတ်ရင် ကလေးလေးဟာ ကမ်ရဲ့ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရပြီး ဘယ်လိုတွေဖြစ်နေမလဲဆိုတာ မတွေးရဲစရာပါပဲ။

Ref: Dog warns parents that babysitter was abusing child
WL (ရိုးရာေလး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top