တိုင်တန်းနစ်တီးဝိုင်းခေါင်းဆောင်ရဲ့တယော ပေါင် ၉ သိန်းနဲ့ လေလံအောင်မြင်

9-30-2022-yyl-10.jpg

တိုင်တန်းနစ်သင်္ဘောကြီး နှစ်မြုပ်ချိန်မှာ တီးမှုတ်ဖျော်ဖြေမှုကို မရပ်တန့်ခဲ့ဘဲ လူတွေကို အသက်စွန့် ဖျော်ဖြေသွားခဲ့တဲ့ တီးဝိုင်းက အမှတ်တရဖြစ်စရာပါပဲ။ သူတို့ရဲ့ဖျော်ဖြေမှုထဲမှာ အမှတ်တရ ဖြစ်စရာအကောင်းဆုံးက Nearer My God To Thee ဓမ္မတေး။

တီးဝိုင်းခေါင်းဆောင် ဝေါလေ့ဟာတလေက တယောထိုးသူပါ။ သူ့အလောင်းကို ပြန်တွေ့တော့ တယောအိမ်လေးပါ တွေ့ရပါတယ်။ အဲဒီတယောလေးက သူ့ရဲ့ ဇနီးလောင်း မာရီယာရောဘင်ဆင် လက်ဆောင်ပေးထားတာပါ။

ဝေါလေ့ဟာတလေရဲ့ တယောကို လေလံတင်ရောင်းချရာမှာ ကမ္ဘာ့စံချိန်တင် ဈေးနှုန်းအဖြစ် ပေါင် ၉ သိန်း ရရှိခဲ့ပါတယ်။ ၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက်က မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ရေခဲတုံးကြီးကို ဝင်တိုက်မိလို့ တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်မှုမှာ တီးဝိုင်းအဖွဲ့ဝင် ၈ ဦးအပါအဝင် လူ ၁၅၀၀ သေဆုံးခဲ့ရပါတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top