ဝက်ဝံငယ်လေးကို ခွေးအမှတ်နဲ့ အိမ်မှာမွေးထားခဲ့တဲ့မိသားစု

bearmistakenfordog-cgtnJPG.jpg

တရုတ်နိုင်ငံကမိသားစုတစ်စုကတော့ ဝက်ဝံတစ်ကောင်ကို အိမ်မွေးခွေးလို (၃) နှစ်လောက် မွေးထားမိခဲ့ကြပါတယ်။ (၂၀၁၆) ခုနှစ်တုန်းက မိသားစုလိုက် ပျော်ပွဲစားခရီးထွက်ရင်း ဝက်ဝံပေါက်လေးတစ်ကောင်ကို ခွေးပေါက်လေးလို့ထင်ပြီး အိမ်ခေါ်လာခဲ့တာပါ။

မိသားစုလိုက် ပျော်ပွဲစားခရီးထွက်ရင်း ဝက်ဝံပေါက်လေးတစ်ကောင်ကို ခွေးပေါက်လေးလို့ထင်ပြီး အိမ်ခေါ်လာခဲ့တာပါ

လက်ရှိမှာ ဝက်ဝံလေးရဲ့ပိုင်ရှင် ဆုမို့ (Su Mou) ဟာ ခွေးလို့ပဲ သူတို့ထင်ခဲ့ကြတဲ့ အဲဒီဝက်ဝံလေးကို နေ့တိုင်း သစ်သီး (၂) ပါကင်နဲ့ ခေါက်ဆွဲ (၂) ခြင်း ကျွေးနေရပါပြီ။ ဒါတောင် ဝက်ဝံလေးက စားလို့မဝပါဘူး။ ကိုယ်အလေးချိန်က ပေါင် (၂၅၀) လောက်ရှိလာပြီး အရပ်ကလည်း (၃) ကျော်ထိဖြစ်လာပါပြီ။

ကိုယ်အလေးချိန်က ပေါင် (၂၅၀) လောက်ရှိလာပြီး အရပ်ကလည်း (၃) ကျော်ထိဖြစ်လာ

သွားပုံလာပုံနဲ့ နေပုံထိုင်ပုံတွေက ခွေးတစ်ကောင်နဲ့မတူတော့ဘဲ ပိုပိုပြီးပြောင်းလဲလာတာကြောင့် မိသားစုဝင်တွေက သတိထားမိလာခဲ့တာဖြစ်ပါတယ်။ “အကောင်ကြီးလာလေ ဝက်ဝံမှန်း ပိုသိသာလာလေပဲ” လို့ မိသားစုနဲ့ အိမ်နီးချင်းဖြစ်သူ ဆန်းရန် (Sun Yun ) ကဆိုပါတယ်။

ဝက်ဝံမည်းတွေဟာ အန္တရာယ်ရှိတဲ့တောရိုင်းသတ္တဝါတွေဖြစ်တာကြောင့် အချိန်မလွန်ခင်သိလိုက်ရတာက ကံကောင်း

အခုတော့ ဆုမို့တို့အိမ်က ဝက်ဝံလေးကို အာဏာပိုင်တွေက လာရောက်ခေါ်ဆောင်ပြီး ထိန်းသိမ်း မွေးမြူထားပါတယ်။ ဝက်ဝံမည်းတွေဟာ အန္တရာယ်ရှိတဲ့တောရိုင်းသတ္တဝါတွေဖြစ်တာကြောင့် အချိန်မလွန်ခင်သိလိုက်ရတာက ကံကောင်းတယ်လို့ ဆိုရမှာပါ။

ဆုမို့တို့ရဲ့ဝက်ဝံနဲ့ ခွေး မှားမွေးမိတဲ့အဖြစ်က ပထမဆုံးအကြိမ်တော့မဟုတ်သေးပါဘူး

ဆုမို့တို့ရဲ့ဝက်ဝံနဲ့ ခွေး မှားမွေးမိတဲ့အဖြစ်က ပထမဆုံးအဖြစ်တော့မဟုတ်သေးပါဘူး။ (၂၀၁၅) ခုနှစ်တုန်းကလည်း လယ်သမားတစ်ဦးရဲ့အိမ်မှာ အခုလိုပဲမွေးထားခဲ့ဖူးပြီး ဝက်ဝံမှန်းသိလာချိန်မှာ အာဏာပိုင်တွေဆီအကြောင်းမကြားခဲ့ဘဲ သူက လှောင်အိမ်နဲ့တောင် ဆက်မွေးထားခဲ့ပါသေးတယ်။ နောက်ပိုင်းတော့ အာဏာပိုင်တွေသိသွားခဲ့တဲ့အတွက် အဲဒီဝက်ဝံကို ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဆီလွှဲပြောင်းပေးပြီး မွေးမြူစေခဲ့ပါတယ်။

Ref: Boredpanda “After Three Years, Family Realizes Their Dog Is Actually A Black Bear”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top