O သွေးပိုင်ရှင်မဟုတ်တဲ့အမျိုးသားတွေက နှလုံးဝေဒနာခံစားရနိုင်ချေပိုများ

O_blood_01.jpg

O သွေးပိုင်ရှင်မဟုတ်တဲ့အမျိုးသားတွေက နှလုံးဝေဒနာခံစားရနိုင်ချေပိုများ

သွေးအမျိုးအစားနဲ့ ကျန်းမာရေးအခြေအနေအကြားဆက်နွှယ်မှုက ကျွန်တော်တို့ထင်ထားတာထက် ပိုပြီးနက်နဲကျယ်ပြန့်ပါတယ်။ နှလုံးဝေဒနာမခံစားရစေဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ဆိုရင် ကိုယ့်ရဲ့သွေးအမျိုးအစားကို ရေရေရာရာသိထားဖို့ကလည်း အရေးပါတဲ့ကိစ္စတစ်ခုပါ။ အကြောင်းကတော့ အမျိုးသားတွေအတွက် နှလုံးဝေဒနာခံစားရနိုင်ချေရှိ၊ မရှိကို အကဲဖြတ်စစ်ဆေးတဲ့နေရာမှာ သွေးအမျိုးအစားက အရေးပါတဲ့အချက်ဖြစ်နေလို့ပါပဲ။

သုတေသီတွေက အမျိုးသားဦးရေ (၁၃,၀၀၀၀၀) ကို လေ့လာမှု (၉) ကြိမ်ပြုလုပ်ခဲ့ရာမှာ A သွေး၊ B သွေးနဲ့ AB သွေးအမျိုးအစားပိုင်ရှင်အမျိုးသားတွေက O သွေးပိုင်ရှင်အမျိုးသားတွေထက် နှလုံးဝေဒနာဖြစ်နိုင်ချေ (၉%) ပိုများနေတာကို တွေ့ရှိခဲ့ကြတာပါ။ ဒါ့အပြင် ကိုလက်စ်ထရောပမာဏနဲ့ ရောင်ရမ်းနိုင်မှုအဆင့်မှာလည်း ပိုမြင့်မားနေကြတာကိုပါ သိရှိခဲ့ရပါတယ်။

O သွေးပိုင်ရှင်မဟုတ်တဲ့အမျိုးသားတွေက နှလုံးဝေဒနာခံစားရနိုင်ချေပိုများ

နှလုံးဝေဒနာခံစားရမှုတိုးမြင့်လာခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်းခံတွေကိုတွက်ဆရာမှာ နေထိုင်စားသောက်မှုပုံစံနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းအဖြေမထုတ်နိုင်သေးဘဲ ဖြစ်နိုင်ချေရှိတဲ့တစ်ချက်က နှလုံးသွေးကြောထဲမှာသွေးခဲစေတဲ့ Von Wille Brand Factor ပရိုတိန်းပါဝင်မှုပမာဏဟာ O သွေးမဟုတ်တဲ့သွေးပိုင်ရှင်အမျိုးသားတွေမှာ ပိုများနေခြင်းဖြစ်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

O သွေးပိုင်ရှင်မဟုတ်တဲ့အမျိုးသားတွေက နှလုံးဝေဒနာခံစားရနိုင်ချေပိုများ

သွေးအမျိုးအစားတစ်ခုချင်းစီကို သီးခြားလေ့လာဖို့၊ သွေးအုပ်စုနဲ့ နှလုံးရောဂါဖြစ်ပွားမှုကြားကဆက်စပ်မှုအကြောင်းအတိအကျသိလာရဖို့တွေအတွက် ဆက်ပြီးသုတေသနပြုလေ့လာရာတွေရှိနေသေးပေမဲ့ သွေးအမျိုးအစားဟာ အမျိုးသားတွေရဲ့နှလုံးဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေမှာ ကိုလက်စ်ရောပမာဏ၊ အသက်အရွယ်နဲ့ သွေးပေါင်ချိန် စတဲ့အချက်တွေနည်းတူအရေးပါတဲ့အချက်အလက်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေကယုံကြည်ထားကြပါတယ်။

Ref: MSN “Why Men With This Blood Type Are More Likely to Have a Heart Attack”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top