ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲနဲ့ ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ

sport_01.jpg

ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲနဲ့ ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ

၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲကို ဒီနေ့ည မြန်မာစံတော်ချိန် (၁၀) နာရီခွဲဝန်းကျင်က စတင်ပြီး ပြင်သစ်နိုင်ငံ မိုနာကိုမြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရတဲ့ အသင်း (၂၆) သင်း၊ ခြေစစ်ပွဲအောင်လာတဲ့ အသင်း (၆)သင်းကို နိုင်ခြေအဆင့် သတ်မှတ်ချက်အရ မဲအိုး (၄)အိုးခွဲပြီး (၄)သင်း၊ (၈)အုပ်စု ဖွဲ့စည်းဖို့ မဲနှိုက်ရွေးချယ်မှာပါ။

မဲအိုး(၁)မှာတော့ ချန်ပီယံလိဂ် လက်ရှိချန်ပီယံ လီဗာပူး၊ ယူရိုပါလိဂ် လက်ရှိချန်ပီယံ ချဲလ်ဆီးနဲ့ ယူအီးအက်ဖ်အေ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ လိဂ် (၆)ခုရဲ့ ချန်ပီယံအသင်း (၆)သင်း ပါဝင်နေပါတယ်။ တခြားအသင်းတွေကို ယူအီးအက်ဖ်အေရဲ့ ကလပ်အသင်း အဆင့်သတ်မှတ်ချက်အရ မဲအိုးခွဲခြားတာပါ။

ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲနဲ့ ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ

ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲမှာ ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုတွေကိုလည်း ချီးမြှင့်သွားမှာပါ။ ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆု ဆန်ကာတင်(၃)ဦးစာရင်းမှာ မက်ဆီ၊ ရော်နယ်ဒို၊ ဗန်ဒစ်ချ်တို့ ရွေးချယ်ခံထားရပါတယ်။

ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲနဲ့ ဆုပေးပွဲသတင်းတွေကို ရိုးရာလေးက အချိန်နဲ့ တပြေးညီ တင်ပြပေးသွားမယ့်အကြောင်း သတင်းကောင်းပါးချင်ပါတယ်။ ပရိသတ်တွေကလည်း ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တွေ့စေချင်တဲ့ အသင်းတွေနဲ့ ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ရစေချင်တဲ့သူကို မှတ်ချက်ပေးခဲ့ကြဦးနော်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top