နူးညံ့ချောမွေ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်နိုင်ဖို့

hand.jpg

အိမ်မှုကိစ္စလုပ်နေရတဲ့သူတွေဆိုရင် ဆပ်ပြာမှုန့်၊ ကြေးချွတ်ဆေးတွေနဲ့ အခြားဓာတုပစ္စည်းတွေကြောင့် လက်တွေဟာ ကြမ်းတမ်းလာတတ်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် စိုးရိမ်စရာမလိုပါဘူး။ ကြမ်းတမ်းနေတဲ့လက်တစ်စုံကို နူးညံ့ချောမွေ့သွားအောင် လုပ်လို့ရပါတယ်။ သင်ရဲ့လက်ကို နူးညံ့ချောမွေ့သွားစေမယ့် ဂရုစိုက်ထိန်းသိမ်းနည်းတချို့ကို မျှဝေပေးလိုက်ရပါတယ်။

၁။ သံလွင်ဆီ (လက်ဖက်ရည်ဇွန်းတစ်ဝက်) ခန့်နဲ့ သကြား (လက်ဖက်ရည်ဇွန်း (၁) ဇွန်း) တို့ကို ရောစပ်လိုက်ပြီး လက်ဖဝါးပေါ်မှာ အသုံးပြုလိုက်ပါ။ ပြီးရင် လက်ဖဝါးနဲ့ လက်ဖမိုးတို့ကို ဖြည်းဖြည်းသာသာလေး ပွတ်တိုက်ပေးပါ။ (၃) မိနစ်ခန့် ပွတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီနောက် ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။

၂။ ဇလုံအသေးတစ်ခုထဲသို့ အလှဆီ၊ နှင်းဆီရည်၊ သံပုရာရည်တို့ကို (လက်ဖက်ရည်ဇွန်း (၁) ဇွန်းစီ) ထည့်လိုက်ပြီး သမအောင် ရောမွှေပစ်လိုက်ပါ။ အဲဒီနောက် ရောစပ်မှု အနည်းငယ်ကို လက်ပေါ်မှာ အသုံးပြုလိုက်ပြီး ခြောက်အောင် ထားလိုက်ပါ။ ခြောက်သွားရင် လက်ကို သန့်စင်စရာမလိုပါဘူးနော်။ ဒီနည်းကို မနက်တစ်ခါ ပြုလုပ်ပြီးရင် ညနေကျ တစ်ခေါက် ပြန်လုပ်ပေးရမှာပါ။

၃။ ပထမဆုံးအနေနဲ့ ဖန်ခွက်အသေးထဲကို အုန်းဆီ (စားပွဲတင်ဇွန်း (၁)ဇွန်း) နဲ့ ပျားရည်အနည်းငယ်တို့ကို ရောထည့်လိုက်ပြီးသမအောင် မွှေပေးပါ။ ပြီးရင် ပန်းကန်လုံးတစ်လုံးထဲကို ပင်လယ်ဆားနဲ့ သကြားတွေကို ခွက်တစ်ဝက်စာထည့်ပြီး သံပုရာရည်အနည်းငယ်ကို ရောနှောလိုက်ပါ။ ဒီအရောအနှောနှစ်ခုကို ဖန်ခွက်တစ်ခုတည်းကို ပေါင်းထည့်လိုက်ပါ။ အဲဒီနောက် လက်တစ်စုံမှာ အသုံးပြုလိုက်ပြီး တစ်မိနစ်လောက် ဖြည်းဖြည်းသာသာ ပွတ်တိုက်ပေးပါ။ ဒီရောစပ်မှုကို တစ်လကြာအောင် သိမ်းထားလို့ရပါတယ်။ ဒါပေမဲ့ တစ်ပတ်ကို နှစ်ကြိမ်သာ အသုံးပြုပေးရမှာပါ။

ဒီနည်းလမ်းလေးတွေနဲ့ စမ်းသပ်လုပ်ဆောင်ကြည့်ရင်း နူးညံ့ချောမွေ့တဲ့လက်တစ်စုံကို ပိုင်ဆိုင်နိုင်ကြပါစေ။

Ref: How to get smooth, baby-soft hands
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top