စွန့်ပစ်သွားတဲ့သခင်ထံ မိုင်ရာကျော်တောအုပ်ကိုဖြတ်ပြီး အရောက်ပြန်ခဲ့တဲ့ခွေးလေး

16303874-0-image-a-14_1563697067519.jpg

တစ်နှစ်သားအရွယ် ခွေးလေးမာရု (Maru) က ရင်နင့်ဖွယ်ဖြစ်ရပ်ကိုကြုံတွေ့ခံစားခဲ့ရတဲ့ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ ခြောက်လကြာအောင်မွေးမြူခဲ့တဲ့သူ့သခင်က မာရုနဲ့အတူနေရင် ဓာတ်မတည့်မှုဖြစ်တာကြောင့် ဆက်မမွေးချင်တော့ပါဘူး။ ဒါ့ကြောင့်ပဲ မာရုကို ကမ္ဘာ့အရှည်လျားဆုံးရထားလမ်းမှာပြေးဆွဲနေတဲ့ Trans-Siberian ရထားပေါ်တင်ပေးလိုက်ပြီး စွန့်ပစ်ခဲ့ပါတယ်။

မာရုကို ကမ္ဘာ့အရှည်လျားဆုံးရထားလမ်းမှာပြေးဆွဲနေတဲ့ Trans-Siberian ရထားပေါ်တင်ပေးလိုက်ပြီး စွန့်ပစ်ခဲ့

စွန့်ပစ်ခံလိုက်ရတဲ့ မာရုလေးဟာ ရထားတွဲဆိုင်းရဲ့တံခါးကို သူ့ရဲ့ခြေသည်းလက်သည်းတွေအနာခံကာ ရအောင်ဖွင့်နိုင်ခဲ့ပြီး ခရီးလမ်းခုလတ်မှာ ရထားရပ်နေချိန် ရထားပေါ်က ခုန်ချထွက်ပြေးလာခဲ့တာပါ။ ဝံပုလွေအုပ်တွေနဲ့ ဝက်ဝံတွေရှိနေတဲ့ ဆိုက်ဘေးရီးယားတောအုပ်ကြီးထဲမှာ (၁၂၅) မိုင်ခရီးကြမ်းနှင်ပြီး ဒဏ်ရာဒဏ်ချက်တွေရနေခဲ့တာတောင် (၃) ရက်အတွင်း သခင့်အိမ်ဆီ မောရုရောက်အောင်ကိုပြန်လာနိုင်ခဲ့တာကတော့ အံ့သြစရာပါပဲ။

ခြေသည်းလက်သည်းတွေက ကျိုးပဲ့စုတ်ပြတ်နေခဲ့တဲ့အပြင် နာကျင်ထိခိုက် ခံစားခဲ့ရတဲ့အတွက် လည်း ခြေကုန်လက်ပန်းကျ နွမ်းနယ်နေ

မာရုကိုပြန်တွေ့ရချိန်မှာ သူ့ရဲ့ခြေသည်းလက်သည်းတွေက ကျိုးပဲ့စုတ်ပြတ်နေခဲ့တဲ့အပြင် နာကျင်ထိခိုက် ခံစားခဲ့ရတဲ့အတွက် လည်း ခြေကုန်လက်ပန်းကျ နွမ်းနယ်နေခဲ့ပါတယ်။ သူ့သခင်ကိုပြန်တေ့လိုက်ရချိန်မှာတော့ မာရု မျက်ရည်တွေကျလာခဲ့တာကိုလည်း ဆို့နင့်ကြေကွဲဖွယ်ရာ မြင်တွေ့ခဲ့ရပါသေးတယ်။

(၃) ရက်အတွင်း သခင့်အိမ်ဆီ မာရု ရောက်အောင်ပြန်လာနိုင်ခဲ့

သခင်အပေါ်သစ္စာတရားကြီးမားပြီး တွယ်တာတတ်တဲ့ ခွေးလေး မာရု

မိုင်တစ်ရာကျော်ရှည်လျားတဲ့တောနက်ကိုဖြတ်လို့ ခရီးကြမ်းနှင်ပြီး ဒုက္ခဆိုးတွေကြား အသက်မသေအောင်ကြိုးပမ်းရင်း စွန့်ပစ်သွားသူသခင်ထံ အရောက်ပြန်လာတဲ့အထိ သခင်အပေါ်သစ္စာတရားကြီးမားတွယ်တာတတ်တဲ့ ခွေးလေး မာရုရဲ့အဖြစ်ဟာ ကြားရသူတိုင်းကို ဝမ်းနည်းကရုဏာသက်ရစေခဲ့ပါတယ်။

Ref: Dailymail “Loyal Bullmastiff dodges bears and wolves after walking 125 miles through Siberian forests to get back to owner who rejected her”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top