ဒိုင်နိုဆောဥရုပ်ကြွင်းတွေကို မမျှော်လင့်ဘဲရှာတွေ့ခဲ့တဲ့ တရုတ်ကျောင်းသားလေး

16488860-0-image-a-3_1564058772966.jpg

သိပ္ပံပညာရပ်အကြောင်းကိုစိတ်ဝင်စားတဲ့ တရုတ်ကျောင်းသားလေးတစ်ဦးဟာ အိမ်အပြင်ထွက်ကစားနေရင်း ဒိုင်နိုဆောဥကျောက်ဖြစ်ရုပ်ကြွင်းတွေကို အမှတ်မထင်တွေ့ခဲ့ကြောင်းသိရပါတယ်။ အသက် (၁၀) နှစ်သာ ရှိသေးတဲ့ ဂျောင် ရန်ဇီ (Zhang Yangzhe) ဟာ အရင်ကတည်းက ဘူမိဗေဒလို ကမ္ဘာမြေကြီးနဲ့ စပ်လျဉ်းတဲ့ သိပ္ပံပညာရပ်မျိုးကို စိတ်ဝင်စားသူပါ။ ဒါ့အပြင် ဒိုင်နိုင်ဆောနဲ့ပတ်သက်တဲ့စာအုပ်တွေကိုလည်း အဖတ်များ တယ်လို့ ဂျောင်ရဲ့မိဘတွေကဆိုပါတယ်။

ဟေယွန်းရေကာတာနားမှာကစားနေခဲ့တဲ့ ဂျောင်ဟာ သာမန်ထက်ထူးခြားနေတဲ့ ကျောက်တုံးလေးတွေကိုတွေ့ရှိခဲ့

ဂန်ဒေါင်းပြည်နယ်၊ ဟေယွန်းရေကာတာနားမှာကစားနေခဲ့တဲ့ ဂျောင်ဟာ သာမန်ထက်ထူးခြားနေတဲ့ ကျောက်တုံးလေးတွေကိုတွေ့ရှိခဲ့ပြီး အနီးကပ်ကြည့်ကြည့်တဲ့အခါမှာ ဒိုင်နိုင်ဆောဥတွေနဲ့တူနေတယ်လို့သတိထားမိခဲ့ပြီး ထူးခြားနေတာမို့ ဥတွေကို ခွဲကြည့်ဖို့ကြိုးစားကြည့်ခဲ့ပေမဲ့ ဘာဥမှန်းသေချာမသိသေးတာကြောင့် သူ့အမေကိုခေါ်ပြခဲ့ပါတယ်။

အလယ်ကျောက်ခေတ်နှောင်းပိုင်းလောက်တည်းကပျောက်ကွယ်သွားခဲ့တဲ့ ဒိုင်နိုဆောမျိုးနွယ်ရဲ့ ဥကျောက်ဖြစ်ရုပ်ကြွင်းတွေဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုပေးခဲ့

ဂျောင်နဲ့ သူ့အမေဟာ ဒိုင်နိုဆောဥတွေနဲ့တူတဲ့ကျောက်တုံးကို အာဏာပိုင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ မလာခင်အထိ မြစ်နားမှာနေပြီး စောင့်ကြပ်ပေးနေခဲ့ကြပါတယ်။ (၃.၅) လက်မရှိပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၆၆) ဘီလျံ၊ အလယ်ကျောက်ခေတ်နှောင်းပိုင်းလောက်တည်းကပျောက်ကွယ်သွားခဲ့တဲ့ ဒိုင်နိုဆောမျိုးနွယ်ရဲ့ ဥကျောက်ဖြစ်ရုပ်ကြွင်း ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုပေးခဲ့ကြပါတယ်။

ဟေယွန်းမြို့ဟာ အရင်တည်းကလည်း “ဒိုင်နိုင်ဆောတို့ရဲ့အိမ်” လို့ နာမည်ကြီးပြီးသားနေရာပါ

တရုတ်ပြည်၊ ဟေယွန်းမြို့ဟာ အရင်တည်းကလည်း “ဒိုင်နိုင်ဆောတို့ရဲ့အိမ်” လို့ နာမည်ကြီးပြီးသားနေရာပါ။ (၂၀၁၅) တုန်းကဆိုရင် ဒိုင်နိုဆောဥ (၄၃) လုံးကို လမ်းလုပ်သားတွေလမ်းခင်းနေတုန်းတွေ့ခဲ့ကြပြီး (၁၉၉၆) ခုနှစ်တုန်းက ဟေယွန်းမြို့၊ ဒေါင်မြစ်ဘေးတွေ့ရှိခဲ့တဲ့ ဒိုင်နိုဆောဥကတော့ ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ဥဖြစ်ပါတယ်။ အခု ဂျောင်တွေ့ခဲ့တဲ့ ဒိုင်နိုဆောဥတွေရဲ့ရုပ်သံဖိုင်ကိုတော့ အောက်ဖော်ပြပါလင်ခ့်ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/314eaUy

Ref: Mailonline “Science-loving boy, 10, discovers a nest of 11 dinosaur eggs after spotting a ‘strange stone’ in the ground while playing in a Chinese city”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top