ONE: IMMORTAL TRIUMPH ပြိုင်ပွဲတွင် ပရိသတ်များကိုညှို့ငင်ဖမ်းစားမည့်တွဲဆိုင်းများ

img1-3.jpg

ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Championship သည် စက်တင်ဘာလ (၆) ရက်တွင် ဟိုချီမင်းမြို့၌ မွေထိုင်းနှင့် Kick Boxing ပရိသတ်တွေအတွက် ရင်သပ်ရှုမောစရာပြိုင်ပွဲကြီးတစ်ခုကို ကျင်းပသွားတော့မှာဖြစ်ပတယ်။ ONE: IMMORTAL TRIUMPH ပြိုင်ပွဲဟာ ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး မတ်တပ်ရပ်တိုက်ခိုက်မှုကျွမ်းကျင်ပိုင်နိုင်သူတွေရဲ့တွဲဆိုင်းတွေနဲ့အတူ စိတ်လှုပ်ရှားစရာတွေကို ယူဆောင်လာပေးတော့မှာပါ။

ပရိသတ်အများစုအနေနဲ့ ONE မွေထိုင်းဘန်တန်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ Nong-O Gaiyanghadao ရဲ့ ဒုတိယအကြိမ်မြောက် ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ အယ်လ်ဂျီးရီးယားအားကစားသမား Brice “The Truck” Delval နဲ့ ယတွဲဆိုင်းကိုသာ သတိပြုစောင့်ကြည့်ကြမှာဖြစ်ပေမဲ့ မထင်မှတ်ထားတဲ့တွဲဆိုင်းတွေကလည်း ရင်ခုန်စိတ်လှုပ်ရှားစရာရသတွေ ပေးစွမ်းလာမှာသေချာနေပါတယ်။

ဒါကြောင့် အဓိကတွဲဆိုင်းကြီးနဲ့ တခြားနာမည်ကြီးတွဲဆိုင်းတွေကိုကျော်ဖြတ်ပြီး ပရိသတ်အကြိုက် ရသပေါင်းစုံပေးစွမ်းနိုင်မယ့်တွဲဆိုင်း (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Beybulat Isaev Vs Anderson Silva

ONE: IMMORTAL TRIUMPH ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ကြမယ့် ကစားသမားတွေက ဝိတ်တန်းကြီးပဲဖြစ်စေ၊ ဝိတ်တန်းငယ်ပဲဖြစ်စေ ပရိသတ်အကြိုက် ယှဉ်ပြိုင်ထိုးသတ်သွားမှာ သေချာပြီး Kick Boxing လူ့ဘီလူးကြီးနှစ်ယောက်ရဲ့တွဲဆိုင်းကလည်း စိတ်လှုပ်ရှားအပြည့်နဲ့ စောင့်ကြည့်စရာတွဲဆိုင်းဖြစ်ပါတယ်။ လိုက်ဟဲဗီးဝိတ်တန်း Kick Boxing တွဲဆိုင်းအဖြစ် ဘရာဇီးလ်အားကစားသမား Anderson “Braddock” Silva နဲ့ ရုရှားအားကစားသမား Beybulat Isaev တို့က အကြိတ်အနယ်ယှဉ်ပြိုင်သွားမှာဖြစ်ကာ နှစ်ဦးစလုံးက အလဲထိုးပွဲသိမ်းနိုင်စွမ်းအပြည့်ရှိပြင်းထန်တဲ့လက်သီးတွေ ပိုင်ဆိုင်ထားကြသူတွေဖြစ်ကြပါတယ်။

(၂) Kulabdam Sor.Jor.Piek Uthai Vs Bobo Sacko

ဘန်တန်ဝိတ်တန်းမွေထိုင်းတွဲဆိုင်းအဖြစ်ယှဉ်ပြိုင်ကြမယ့် “Left Meteorite” Kulabdam Sor.Jor. Piek Uthai နှင့် Bobo “The Panther” Sacko တို့ကလည်း တိုက်ခိုက်ရေးစွမ်းရည်ကောင်းပိုင်ဆိုင်ထားသူတွေဖြစ်ပြီး ၎င်းတို့တွဲဆိုင်းက ပရိသတ်မက်မောစရာဖြစ်လာပါလိမ့်မယ်။

Kulabdam က ပြင်းထန်အားပါတဲ့လက်သီးထိုးချက်တွေကိုပိုင်ဆိုင်ထားသူ နာမည်ကျော်မွေထိုင်းအားကစားသမားတစ်ဦးဖြစ်တဲ့အပြင် ဘန်ကောက်အားကစားရုံမှာယှဉ်ပြိုင်တဲ့ပြိုင်ပွဲတွေမှာလည်း ပြိုင်ဘက်အပေါ် တိုက်စစ်ဆင်အလဲထိုးနိုင်စွမ်းရှိကြောင်းသက်သေပြသထားပါတယ်။ အရပ်အမောင်းမြင့်မားတဲ့ Sacko ကလည်းတိုက်စစ်သမားတစ်ဦးပဲဖြစ်နေသလို လျင်မြန်တဲ့ကစားသမားဖြစ်ပါတယ်။

Kulabdam ဟာဘယ်သန်တစ်ယောက်ဖြစ်တာကြောင့် ဘယ်လက်သီးတွေအသုံးပြုနိုင်ဖို့ Sacko နဲ့အနီးကပ်ဆုံးအနေအထားထိရောက်အောင်ကြိုးစားမှာဖြစ်ပေမဲ့လည်း ပြင်သစ်အားကစားသမားထက် အရပ် (၁၆) စင်တီမီတာပိုနိမ့်နေတဲ့အချက်က ပြိုင်ဘက်ကို ပြင်းထန်အားပါတဲ့ခြေကန်ချက်တွေ အမြင့်ကန်ချက်တွေနဲ့တိုက်ခိုက်နိုင်အောင်ဖန်တီးပေးသလို ဖြစ်လာနိုင်ပါတယ်။ အခြားတစ်ဘက်မှာလည်း Sacko အနေနဲ့ အန္တရာယ်များတဲံတံတောင်ရိုက်ချက်နဲ့အနီးကပ်တိုက်ခိုက်မှုတွေကို သတိထားယှဉ်ပြိုင်ရမှာပါ။ ပွဲအစကနေ အဆုံးထိ မရပ်မနားယှဉ်ပြိုင်တိုက်ခိုက်မှုတွေနဲ့ ပရိသတ်ကို ဖျော်ဖြေပေးသွားမယ့်တွဲဆိုင်းဖြစ်ပါတယ်။

(၃) Bi Nguyen Vs Puja Tomar

ONE အက်တမ်ဝိတ်တန်းမှာ အလားအလာကောင်တွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီးအားကစားသမား (၂) ဦးယှဉ်ပြိုင်မယ့် အက်တမ်ဝိတ်တန်း မွေထိုင်းတွဲဆိုင်းကလည်း စိတ်ဝင်စားစရာအပြည့်ရှိနေပါတယ်။ Bi “Killer Bee” Nguyen နဲ့Puja “The Cyclone” Tomar တို့ဟာ ဝိတ်တန်းအရ သေးငယ်နေပေမဲ့ အထင်သေးလျှော့တွက်မိရင် မှားယွင်းသွားနိုင်ပြီး နှစ်ဦးစလုံးက တိုက်စစ်ဆင်ရာမှာ စနစ်တကျယှဉ်ပြိုင်တတ်သူတွေပါ။

Nguyen က မွေထိုင်းကိုလေ့လာလိုက်စားကာ ကိုယ်ခံပညာသိုင်းပေါင်းစုံလောကထဲကိုဝင်ရောက်လာသူဖြစ်ပြီး အမေရိကန်မွေထိုင်းချန်ပီယံတစ်ယောက်လည်းဖြစ်ပါတယ်။ (၁၂) ပွဲနိုင်၊ (၃) ပွဲရှုံးမှတ်တမ်းပိုင်ဆိုင်ထားတဲ့ Nguyen က အမေရိကန်နိုင်ငံသားဖြစ်ပေမဲ့ဗီယက်နမ်တွင် မွေးဖွားခဲ့သူဖြစ်တာကြောင့် ဗီယက်နမ်ပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျအားပေးမှုကို ရယူနိုင်မှာက သေချာနေပါတယ်။

Tomar ကလည်း မွေထိုင်းကို စတင်ယှဉ်ပြိုင်ကစားတာဖြစ်ပေမဲ့လည်း အိန္ဒိယဝူရှူးချန်ပီယံတစ်ယောက်ဖြစ်သလို (၆၇) ပွဲနိုင်၊ (၅) ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသူပါ။ ဒါကြောင့် ခြေကန်ချက်တွေသုံးပြီး မတ်တပ်ရပ်ယှဉ်ပြိုင်ရတဲ့မွေထိုင်းကစားနည်းက သူ့အတွက် အခက်အခဲမရှိနိုင်ပါဘူး။ ဒါပေမဲ့ Tomar အနေနဲ့ ဒူးတိုက်ချက်တွေ၊ တံတောင်ရိုက်ချက်တွေ၊ ခံစစ်ဗျူဟာကောင်းတွေကိုပြသနိုင်မှ ပထမဆုံးမွေထိုင်းပြိုင်ပွဲမှာ အခြေအနေကောင်းနိုင်ပါတယ်။

Ref: ONE Championship

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top