တစ်နေ့ကို နှစ်ကြိမ် ရေအောက် ရောက်သွားတဲ့ လမ်းမကြီး

47579688_392495824827719_4741589340109406208_n.jpg

တစ်နေ့ကိုနှစ်ကြိမ် ပျောက်သွားတတ်တဲ့ လမ်းမကြီးကို သင်တို့မြင်ဖူးကြလား။ ကမ္ဘာပေါ်က အန္တရာယ် အများဆုံးလမ်းတွေထဲက တစ်ခုအကြောင်းကို လေ့လာ ကြည့်လိုက်ကြရအောင်ပါ။

ပက်ဆေ့ဂ်ျ ဒူဂွိုစ် (Passage du Gois) လို့ အမည်ရတဲ့ကျွန်းဟာ ထူးခြားရုံသာမကဘဲ အန္တရာယ်လည်း များလှပါတယ်။ ဒီကျွန်းကြီးကို ၁၆ ရာစုကတည်းက ဘူဗွာဆာ-မာရ် (Beauvoir-ser-Mer) နဲ့ နွိုင်ရာမိတီရာ (Noirmoutier) ဆိုတဲ့ကျွန်းတွေကို ဆက်ထားတဲ့ လမ်းအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ ဒီလို အန္တရာယ်များတဲ့လမ်းမျိုးကို စာဖတ်ပရိသတ်ကြီးတို့ ထပ်ပြီးရှာတွေ့နိုင်တော့မယ် မထင်ပါဘူး။

တစ်နေ့ နှစ်ကြိမ် ဒီရေ မြင့်တက်လာတဲ့အခါ ၂.၅၈ မိုင် (၄.၃ ကီလိုမီတာ) အရှည်ရှိတဲ့ လမ်းမကြီးဟာ ပင်လယ်ရေအောက် ၁၃ ပေအထိ နှစ်မြုပ် ပျောက်ကွယ်သွားတတ်ပါတယ်။ တစ်နေ့ကို နာရီအနည်းငယ်ပဲ လမ်းက ပြန်ပေါ်လာတာပါ။ အဲဒီအချိန်မှ ပြည်သူတွေနဲ့ ယာဉ်တွေ သွားလာနိုင်ပါတယ်။ တစ်ခါတလေ ဒီရေတက်လာတာနဲ့ ကြုံကြိုက်ခဲ့ရင်လည်း လူတွေအပေါ်တက်ပြီး ကယ်ဆယ်ရေးကို စောင့်နိုင်ဖို့ မြင့်မားလှတဲ့ ကယ်ဆယ်ရေး တာဝါတွေလည်း ထားရှိပါတယ်။

လမ်းရဲ့နှစ်ဖက်လုံးမှာ အသုံးပြုဖို့ ဘေးကင်းလား၊ မကင်းဘူးလားဆိုတာကို သိနိုင်ဖို့ ညွှန်ပြချက်တွေ စိုက်ထူထားပါတယ်။ လမ်းဖြတ်သွားနေတဲ့အချိန် မတော်တဆမှုတွေကို ကာကွယ်ဖို့ သတိပေးချက်တွေ၊ ကယ်ဆယ်ရေး တာဝါတွေကိုလည်း အသင့် တည်ဆောက်ပေးထားပါတယ်။ ရေတွေ မြင့်တက်လာတဲ့အချိန်ဆိုရင် လမ်းပြ ဆိုင်းဘုတ်တွေကိုလည်း တစ်ဝက်လောက်ပဲ မြင်ရတော့ပါတယ်။

ဒီလမ်းမကြီးဟာ စားသုံးလို့ရတဲ့ ခရုတွေကို ရှာဖွေနိုင်တဲ့အတွက် ခရီးသွားတွေကို ဆွဲဆောင်ထားပါတယ်။ စာဖတ်သူလည်း ပြင်သစ်နိုင်ငံကို ရောက်ဖြစ်ခဲ့ရင် ဒီနေရာလေးကို သွားဖြစ်အောင်သွားပြီး လေ့လာကြည့်သင့်ပါတယ်။

Ref: www.varietytrends.net “This road located in France disappears underwater twice a day”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top