ကော်ဖီဆိုင်ထဲမှာ အတူတွဲပြီး တွေ့လိုက်ရတဲ့ လီဂျောင်ဆွတ်ခ်နဲ့ ကင်ဝူဘင်

38942444_1144345952383816_5228632614226624512_o-e1551518041331.jpg

၂၀၁၇ခုနှစ်၊ မေလကတည်းက လည်ချောင်းကင်ဆာ ဝေဒနာကြောင့် ဆေးရုံတက်ပြီး ကင်ဆာကုထုံး ခံယူနေရတဲ့ မင်းသား ကင်ဝူဘင်သတင်းကို ပရိသတ်တွေ မကြားရတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ “ဝူဘင်ပရိသတ်များဆုံစည်းရာ” ဆီ စာတစ်စောင်ရေးပြီး ပို့ပေးခဲ့ချိန်က

ကင်ဆာ ဓာတ်ရောင်ခြည်ကုထုံး ၃၅ ကြိမ်မြောက် ခံယူနေရတဲ့ အချိန်ဖြစ်ပြီး ကင်ဝူဘင်ရဲ့ စာကြောင့် ပရိသတ်တွေ မျက်ရည်ဝဲ ခဲ့ရပါတယ်။

အခုတစ်ခါမှာတော့ ကျန်းမာရေးကောင်းစ ပြုတယ်လို့ ထင်ရတဲ့ ကင်ဝူဘင်ကို သူငယ်ချင်းဖြစ်သူ လီဂျောင်ဆွတ်ခ်နဲ့အတူ ကော်ဖီဆိုင်မှာ ယှဉ်တွဲ တွေ့လိုက်ရတာ ဖြစ်ပါတယ်။ နှစ်ဦးသားက အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်တာကြောင့် ဒီလိုမျိုး တွေ့လိုက်ရတာက မထူးဆန်းဘူး ဆိုပေမဲ့ ကင်ဝူဘင်ကို လည်ချောင်းကင်ဆာ သက်သာလာပါ့မလား စိုးရိမ်နေကြတဲ့ ပရိသတ်တွေ အတွက်တော့ ဒါက ပျော်ရွှင်စရာ မြင်ကွင်းပဲ ဖြစ်ပါတယ်။

မော်ဒယ်သရုပ်ဆောင်ဖြစ်တဲ့ ကင်ဝူဘင်ကတော့ ကင်ဆာကုထုံးခံယူနေစဉ် အတောအတွင်းမှာ ဆံပင်အရှည်ကြီး ဖြစ်လာတာကြောင့် ပရိသတ်တွေ ရုတ်တရုတ် မမှတ်မိလောက်အောင် ဖြစ်ခဲ့ပါတယ်။

ကော်ဖီဆိုင်ထဲက ထွက်ပြီး လမ်းလျှောက်လာတဲ့ ဟန်ပန်အနေအထားအရ တော်တော်လေး ရောဂါသက်သာနေပြီ ဆိုတာကို ပရိသတ်တွေဆီ အသိပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၁၇ တုန်းက တောင်ကိုရီးယား Sidus HQ အေဂျင်စီကုမ္ပဏီက ထုတ်ပြန်ပေးခဲ့တဲ့ ကြေညာချက်မှာတော့ ကင်ဝူဘင်က နေပြန်ကောင်းလာဖို့ ကြိုးစားနေကြောင်း၊ ရောဂါကုထုံးခံယူမှုတွေ ဆက်တိုက်ပြုလုပ်နေပေမဲ့ လက်ရှိအချိန်မှာ သရုပ်ဆောင် အလုပ် ပြန်လုပ်ဖို့တော့ အချိန်တစ်ခုယူရမှာ ဖြစ်ကြောင်း နဲ့ မြန်မြန် နေကောင်းအောင်လုပ်ပြီး ပရိသတ်ရှေ့မှောက်ပြန်လာခဲ့ပါ့မယ် ဆိုတဲ့အကြောင်း ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

လီဂျောင်ဆွတ်ခ်နဲ့ ကင်ဝူဘင်တို့က ကိုရီးယား ဒရာမာ School 2013 မှာ သရုပ်ဆောင်မခင်တည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသလို နှစ်ဦးစလုံးက မော်ဒယ်လောကနေ သရုပ်ဆောင် လောကထဲပြောင်းလာတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်ပြောင်မြောက်တဲ့ မင်းသားတွေ အဖြစ် အောင်မြင်ကျော်ကြား နေကြတာ ဖြစ်ပါတယ်။

အနုပညာလောကနဲ့ အဆက်မပြတ်သေးခင်တုန်းက ကင်ဝူဘင်က ဆူဇီနဲ့တွဲဖက်ပြီး Uncontrollably Fond မှာ ရှင်းဂျွန်ယောင်း အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

ကင်ဝူဘင်ကို ချစ်ကြတဲ့ ပရိသတ်တွေ အတွက်ကတော့ ဒီသတင်းကြားရတဲ့အခါ သူ့ရဲ့ ရောဂါအတွက် တစ်ဝက်လောက် စိတ်အေးသွားကြမှာ အသေချာပါပဲ။

Ref: allkpop.com” Lee Jong Suk and Kim Woo Bin Spotted Hanging Out Together”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top