ဂျက်ကီးချန်းနဲ့ အလုပ်တွဲလုပ်ရတာဟာ သူ့ဘဝရဲ့အကောင်းဆုံးအတွေ့အကြုံတွေထဲက တစ်ခုဖြစ်တယ်ဆိုတဲ့ ဂျွန်စီနာ

yyl-038-5.jpg

အမေရိကန်နိုင်ငံက နာမည်ကြီးနပန်းသမားနဲ့ သရုပ်ဆောင်ဖြစ်တဲ့ ဂျွန်စီနာဟာ အက်ရှင်မင်းသားကြီးဂျက်ကီချန်းနဲ့ အတူ အခုနှစ်မှာ ထွက်ရှိဖို့စီစဉ်ထားတဲ့ Project X-Traction မှာ ပါဝင်ထားပါတယ်။ သူက ဂျန်ကီချန်းနဲ့ လက်တွဲလုပ်ခွင့်ရခဲ့တဲ့အတွက် အဲဒီဇာတ်ကားမှာသရုပ်ဆောင်ဖို့စိတ်အားထက်သန်ခဲ့ကြောင်းနဲ့ ရိုက်ကွင်းမှာ ဂျက်ကီချန်းဆီက အကြံဉာဏ်နဲ့နည်းလမ်းတွေရရှိခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ကြောင်း ထုတ်ပြောပြခဲ့ပါတယ်။ “ဂျက်ကီချန်းနဲ့ အလုပ်တွဲလုပ်တာက ကျွန်တော့ဘဝမှာ အကောင်းဆုံးအတွေ့အကြုံတွေကတစ်ခုပါပဲ။

အသိအမြင်လည်းကြွယ်ဝပါတယ်။ ဒါက အရမ်းကို မိုက်ပါတယ်။ သူက ကျွန်တော့ သိထားတာထက်ကို ပိုပြီး ကျွန်တော့ကို သင်ကြားပေးတယ်။ ကူညီပေးပါတယ်။ ကျွန်တော်က ပရောဂျက်တစ်ခုရရင် သေချာအာရုံစိုက်ပြီး ဖတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဂျက်ကီချန်းရဲ့နာမည်လည်းမြင်လိုက်ရော သူနဲ့လက်တွဲလုပ်ဖို့အတွက် စိတ်အားထက်သန်ခဲ့ပါတယ်။ သူက အသိပညာကြွယ်တဲ့သူတစ်ယောက်ပဲ။ အခြားသူတွေကိုလည်း ဝေမျှဖို့ ကြိုးစားတယ်” လို့ ဂျွန်စီနာက ပြောပါတယ်။

ဂျွန်စီနာက ဂျက်ကီချန်းကို မျိုးဆက်သစ်တွေရဲ့ ရုပ်အမူအရာနဲ့ပုံပြောကောင်းဆုံးသူအဖြစ် ချီးမွမ်းထားသလို သူ့ရုပ်ရှင်ကားတွေမှာ လွှမ်းမိုးနိုင်မှုကို အသံတိတ်ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ ချာလီချက်ပလင် နဲ့ ဘူစတာ ကီယာတန်တို့နဲ့ နှိုင်းယှဉ်ပြောခဲ့ပါသေးတယ်။ ဂျက်ကီချန်းကို ချီးမွှမ်းပြောဆိုဖို့အတွက်ဆိုရင် သူ့ရဲ့အချိန်တွေကိုလည်း ဖြုန်းပစ်နိုင်တယ်လို့ ပြောပြသွားခဲ့ပါတယ်။

ဂျွန်စီနာက ဂျန်းကီချန်းနဲ့အတူ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားမှာလည်း ပါဝင်ထားသလို Suicide Squad နောက်ဆက်တွဲဇာတ်ကားမှာလည်း ပါဝင်မှာဖြစ်ပါတယ်။

Ref: John Cena admits working with Jackie Chan was ‘one of the best experiences of his life’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top