စမတ်ဖုန်းတွေက ထွက်လာတဲ့ အပြာရောင်အလင်းက မျက်စိကွယ်နိုင်ခြေကို မြင့်တက်စေ

8-7-2020-yyl-024.jpg

သိပ္ပံဆိုင်ရာလေ့လာချက်တွေရဲ့ အဆိုအရ ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေရဲ့ အလင်းရောင်ဟာ မျက်လုံးကို လျင်လျင်မြန်မြန် ပျက်စီးစေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နေပြီလို့ ဆိုပါတယ်။

အိုဟိုင်းယိုး (Ohio) မှာ ရှိတဲ့ တိုလီဒို တက္ကသိုလ် (Toledo University) ရဲ့ လေ့လာတွေ့ရှိမှုအရ

ဒစ်ဂျစ်တယ် လျှပ်စစ်ပစ္စည်းတွေကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းဟာ ဓာတ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး မျက်လုံးအတွင်းက အလင်းရောင်ကို အာရုံခံစားသိမြင်နိုင်တဲ့ ဆဲလ်တွေကို သေစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မျက်လုံးအတွင်းပိုင်း ကြွက်သားတွေကို မြန်မြန်ဆန်ဆန် ယိုယွင်းလာစေပြီး အမြင်အာရုံရဲ့ တချို့အခြေအနေတွေကို ဆိုးကျိုးသက်ရောက်မှုတွေ ရှိစေတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ လူ ၇ ယောက်မှာ ၁ ယောက်လောက်ဟာ ဒီအခြေအနေတွေထဲက တချို့လက္ခဏာတွေ ခံစားရနိုင်ပြီး ဖြစ်နိုင်ချေက တစ်ဝက်လောက်ထိ ရှိနေတယ်လို့ လေ့လာမှုတွေအရ ကိုးကား ဖော်ပြထားပါတယ်။

တိုလီဒို တက္ကသိုလ်က ဒေါက်တာ အာဂျစ် ခါရူနရာသီ (Ajith Karunarathne) ကတော့ အပြာရောင် အလင်းတန်းတွေရဲ့ ဆက်တိုက်ထိတွေ့မှုတွေ ဖြစ်မယ်ဆို မျက်ကြည်လွှာနဲ့ မျက်လုံးတွေက အလင်းတန်းတွေကို ပိတ်ပင်တားဆီး မထားနိုင်တာကြောင့် ထိခိုက်မှုတွေ ပိုလို့ ကြီးမားလာမယ်လို့ ဆိုပါတယ်။

Ref : The Telegraph “How blue light from smartphones can speed up blindness”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top