ကန်ရေပြင်မှ ရောင်စုံတောက်ပ လှေများ အလှကို ခံစားရမယ့် လှေအလှပြပွဲတော်

tour3.jpg

Magic of The Night 2016 Putrajaya လို့ အမည်ရတဲ့ လှေအလှပြပွဲတော်ကို တစ်မိုင်ကျော် ရှည်လျားတဲ့ ပူထရာဂျာရာရေကန်ကြီးထဲမှာ ရွက်ဖွင့် လွင့်မျောနေတဲ့လှေတွေရဲ့ အလှအပတွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ သိရပါတယ်။

တလက်လက်တောက်ပနေတဲ့ ရောင်စုံ နီယွန်မီးတွေနဲ့ လှပတဲ့ ဗိသုကာလက်ရာတွေကို ကြည်ရှုခံစားရင်း သန့်ရှင်းအေးမြတဲ့ ကန်လေအေးကို ရှုရှိုက်ရတဲ့အရသာဟာ တကယ့်ကို ကြည်နူးဖွယ်ဖြစ်စေမှာဖြစ်ပါတယ်။

လှေအလှပြပွဲတော် (Magic of the Night 2016 Putrajaya) နဲ့အတူ ပန်းမံပြပွဲ (Royal Floria Putrajaya) ကိုလည်း တပြိုင်တည်း ကျင်းပမှာဖြစ်ပြီး မေလ (၂၇) ရက်နေ့မှ ဇွန်လ (၄)ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ လှပတဲ့လှေအလှပြပွဲတော်နဲ့ လှပတဲ့ သစ်ပင်ပန်းမံပွဲတော်ကို တပြိုင်တည်း ကြည့်ရှုခံစားနိုင်မယ့် အခွင့်ကောင်းလည်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်အရပ်ရပ်နှင့် လူမျိုးစုများ၏ ယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ခရီးသွားလုပ်ငန်း ဆွဲဆောင်မှုများကို ကိုယ်စားပြုထားသော သရုပ်ဖော်မှုများကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ တနိုင်ငံလုံးမှ ပြည်သူများအပြင် အိမ်နီးချင်းနိုင်ငံမှ လာရောက်လည်ပတ်သူများ၊ ရပ်ဝေးဒေသများမှ လာရောက်လည်ပတ်သူများဖြင့် နှစ်စဉ်နှစ်တိုင်း စည်ကားလှတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဂီတမြတ်နိုးသူများအတွက် ဆာရာဝပ်ပြည်နယ်တွင်ပြုလုပ်မည့် Borneo Jazz Festival နဲ့ စိတ်လှုပ်ရှားစရာ ပြိုင်ပွဲများကို ကြည့်ရှုချင်သူများအတွက် ပီနန်းနှင့် ဆာဗားပြည်နယ်များတွင် ကျင်းပကြမည့် Dragon Boat လှေလှော်ပြိုင်ပွဲနှင့် အခြားအားကစားပွဲတော်များ၊ ပီနန်းပြည်နယ် George Town တွင် လက်ခံကျင်းပမယ့် WTM Connect Asia ပွဲ တို့ကိုလည်း သွားရောက်လည် ပတ်နိုင်မယ်လို့ သိရပါတယ်။

နိုင်ငံတကာသတင်းမီဒီယာများနှင့် ခရီးသွားအေဂျင်စီများကို မလေးရှားခရီးသွားလာရေးလုပ်ငန်းမှ နှစ်စဉ်ဒီပွဲတော်ကျင်းပတဲ့အခါတိုင်း ဖိတ်ခေါ်ခဲ့သလိုပဲ ၂၀၁၆ခုနှစ်မှာလည်း အာစီယံနိုင်ငံများမှ ကိုယ်စားပြုတက်ရောက်မယ့်သူများအား ဖိတ်ခေါ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top