ဗီယက်နမ် မှာ ပျော်ပျော်ကြီး ဈေးဝယ် ထွက်ဖို့ သုညကျပ်မှ စတင်တဲ့ Vietjet နဲ့ စတင်ပျံသန်း ကြည့်လိုက်ပါ

yyl-003.jpg

အရှေ့တောင်အာရှက နိုင်ငံတွေကို ခရီးထွက်မယ်ဆိုရင် ဗီယက်နမ်ဟာလည်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံ မှ ပြည်တွင်းဖြစ် အရည်အသွေးမီထုတ်ကုန်တွေသာမက နိုင်ငံခြားဖြစ် brand အသုံးအဆောင်တွေအားလုံး ကိုရရှိနိုင်လို့ ဈေးဝယ်ထွက်ဖို့လည်း အဆင်ပြေတဲ့နိုင်ငံဖြစ်ပါတယ်။ လက်ရာသေသပ်လှပတဲ့ အဝတ်အထည်တွေ၊ ယွန်းထည်တွေ၊ လက်မှုပစ္စည်းတွေ၊ ပန်းထိုးထည်တွေ၊ လက်ကိုင်ပဝါတွေ၊ တီရှပ်တွေ၊ ပိုးထည်တွေနဲ့ ကျောက်မျက်ရတနာလက်ရာတွေကို အချိုသာဆုံး ဈေးနှုန်းနဲ့ ရရှိနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဈေးဝယ်တာကို သိပ်စိတ်မဝင်စားသူတွေကိုတောင် ဆွဲဆောင်နိုင်တဲ့ ဈေးဝယ်စင်တာကြီးတွေဟာ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေနဲ့ ဆွဲဆောင်မှုရှိ တဲ့ ဈေးနှုန်းတွေကြောင့် ကမ္ဘာလှည့်ခရီးသည် အများစုကို တမ်းတမ်းစွဲဖြစ်စေပါတယ်။ ငွေကြေးအနည်းအငယ် နဲ့ လာရောက်လည်ပတ်တဲ့ ခရီးသည်တွေတောင် ကုန်ပစ္စည်းတွေကို မူရင်းဈေးနှုန်း ရဲ့ သုံးဆခန့်အထိ ဈေးဆစ် ဝယ်ယူနိုင်ပါတယ်။

မိမိမှာ ပါလာတဲ့ငွေပမာဏနဲ့ လိုက်လျောညီထွေတဲ့ ကုန်ပစ္စည်းတွေ အမျိုးအစားများစွာ ရှိတဲ့ အတွက် ဈေးဝယ်ရတာ ပျော်ဖို့ကောင်းစေပါတယ်။ပထမဦးဆုံးအနေနဲ့ ဟိုချီမင်းမြို့တော်က Ben Thanh ကို သွားလိုက်ပါ။ ဈေးဆိုင်သေးလေးတွေ ၃၀၀၀ ကျော်ရှိတဲ့ ဒီဈေးဟာ အလွန်ကြီးမားပြီး ပစ္စည်းပေါင်းစုံရှိပါတယ်။ Ben Thanh ဈေးရဲ့ ၅ မိနစ် ၁၀ မိနစ် အကွာအဝေးမှာ ဖက်ရှင်ကျတဲ့ အဝတ်အထည်တွေ၊ အသုံးအဆောင်တွေ နဲ့ ကျောက်မျက်ပစ္စည်းတွေကို ဈေးသက်သက်သာ သာ ရနိုင်တဲ့ Saigon Square ရှိနေပါတယ်။

District 1 မှာ လှည့်ပတ်ကြည့်လိုက်ရင်  လမ်းတွေမှာ ဈေးဆိုင်တွေ၊ stalls တွေနဲ့ ဆိုင်တန်းတွေ ကို တွေ့ရ မှာဖြစ်ပါတယ်။ အဲဒီမှာ ဖိနပ်တွေ၊ ပိုးပဝါတွေ၊ အိတ်တွေ၊ အဝတ်အစားတွေ၊ အလှကုန်တွေ၊ လျှပ်စစ်ပစ္စည်းတွေ ကို မျက်စိတစ်ဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်။ အားလုံးကိုလည်း ဈေးနှုန်း သင့်တော်စွာနဲ့ရရှိနိုင် ပါတယ်။ ဈေးရောင်းသူတွေကလည်း ဈေးကို အတတ်နိုင်ဆုံး လျှော့ပေးကြပါတယ်။

ဒါ့အပြင် ဗီယက်နမ် နိုင်ငံမှာ အနောက်တိုင်းစတိုင် ရှော့ပင်းစင်တာတွေ ထွက်ပေါ်လာနေပါတယ်။ အများစုဟာ အဆင့်မြင့် Lotte, Vincom, Diamond Plaza တွေ လိုမျိုးဖြစ်ပါတယ်။ အင်တာနက် ပေါ် မှာလည်း ဈေးဝယ်မှုတွေ လုပ်နိုင်တဲ့ websites တွေအများကြီးရှိပြီး မှာယူပြီး သိပ်မကြာတဲ့ အချိန်အတွင်းမှာပဲ အိမ်အရောက်၊ ဟိုတယ်အရောက် လာရောက် ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှု တွေလည်း ရှိနေပါတယ်။

ကဲ အားရပါးရ ပျော်ပျော်ကြီး ဈေးဝယ်ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီလား။

Vietjet နှင့် အတူ ပျံသန်းပြီး ဗီယက်နမ်မှာ ပျော်ပျော်ကြီးဈေးဝယ်ထွက်လိုက်ပါ။ Zero-fare အရောင်းမြှင့်တင် ရေး လက်မှတ်များ နဲ့ ဗီယက်နမ်လေဆိပ်တွေက 3D လက်ရာပြပွဲတွေကို ခံစားလိုက်ပါ။

မေလ ၁၇ ရက် မှ မေလ ၁၉ ရက် အတွင်း ခရီးသည်များအနည်ဖြင့် “3D Summer” activation အတွက် Vietjet သည် ၀ ကျပ်မှ စတင်သည့် လေယာဉ်လက်မှတ် ထောင်ပေါင်းများစွာကို မနက် ၁၁ း ၃၀ မှ နေ့လည် ၁ း ၃၀ Golden Hours အချိန်အတွင်းတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ခရီးစဉ်နေ့များသည် ဩဂုတ်လ ၁၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်းဖြစ်ပါသည်။ (ပိတ်ရက်များမပါ)*

လက်ရှိအရောင်းမြှင့်တင်ရေး ကာလအတွင်း Vietjet နဲ့ အတူ ပျံသန်းကြတဲ့ ခရီးသည်တွေအနေနဲ့ လေဆိပ်တွေမှာ 3D နည်းပညာသုံး ဂိမ်းတွေ၊ အမှတ်တရလက်ဆောင်ပေးခြင်းတွေ၊ ပျံသန်းချိန်အတွင်းဖျော်ဖြေမှုတွေ နဲ့ 3D ဓာတ်ပုံပြိုင်ပွဲတွေအစရှိတဲ့ အစီအစဉ်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။  ဟနွိုင်းမြို့မှာလည်း Vietjet ခရီးသည်တွေပျော်ရွှင်စေဖို့အတွက် roadshows တွေကို စီစဉ်ထားမှာဖြစ်ပါတယ်။

Vietjet နဲ့အတူ Vietnam ကို အမြန်ဆုံး ပျံသန်းပြီး အကောင်းဆုံး ဈေးဝယ်တဲ့ အတွေ့အကြုံကို ခံစားဖို့ ခြေလှမ်းစတင်လိုက်ပါ။ မိုးရာသီမှာ အားလပ်ရက်အနည်းငယ်ယူပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အတူ မေ့မရနိုင်မယ့် ဈေးဝယ်ခရီးစဉ်ကို စီစဉ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ခံစားလိုက်ပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီယက်နမ် နိုင်ငံမှာ ၁၄ ရက်ခန့် ဗီဇာမလိုပဲ နေထိုင်နိုင်တာကလည်း သတင်းကောင်းတစ်ခုပါပဲ။ Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။ www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar ကို ၁၁ း ၀၀ မှာ ၁ း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။

မြန်မာနိုင်ငံ မှ ခရီးသွားများအနေဖြင့် Hotline: 09 789 323 828 သို့ ဆက်သွယ်ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 တွင်ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်လည်း ဝယ်ယူနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top