ဆိုးရွားတဲ့ အရေပြားအခြေအနေနဲ့ စွန့်ပစ်ခံ ခွေးငယ်လေးတစ်ကောင်ဟာ ကုသမှု ခံယူခဲ့ပြီးနောက်မှာတော့ အံ့အားသင့်ဖွယ် သက်သာကောင်းမွန်လာခဲ့ပါပြီ။ ၁၄ ပတ်သားအရွယ်ရှိတဲ့ အီတလီမျိုးနွယ် Cane Corso ခွေးငယ်လေးကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မန်ချက်စတာမြို့မှာရှိတဲ့ Rochdale Canal မှာ တွေ့ရှိခဲ့တာပါ။
ပိုင်ရှင်မရှိတဲ့ ခွေးငယ်လေးကို Manchester and Cheshire Dogs Home ခွေးစောင့်ရှောက်ရေးဂေဟာထံ ခေါ်ယူခဲ့ပြီး RSPCA’s Greater Manchester တိရစ္ဆာန်ဆေးရုံမှာ ကုသပေးခဲ့ရာ အကောင်းပကတိအတိုင်း ပြန်လည်သက်သာလာခဲ့ပြီး ခေါ်ယူမွေးမြူမယ့် သခင် တွေ့ရှိနိုင်မယ့် အလားအလာရှိလာခဲ့ပါပြီ။
Ref: Abandoned Puppy Found With Severe Skin Condition Makes Remarkable Recovery
NZ ( ရိုးရာလေး)