လူ ၃၉ ယောက် သေဆုံးခဲ့တဲ့ ညကလပ်တိုက်ခိုက်မှုအတွက် အမျိုးသား ၂ ယောက်ကို ထောင်ဒဏ် နှစ် ၁၀၀၀ ကျော်စီ ချမှတ်

9-9-2020-yyl-001.jpg

လူ ၃၉ ယောက် သေဆုံးစေခဲ့တဲ့ အစ္စတန်ဘူလ် ညကလပ်ကို ဝင်ရောက်ပစ်ခတ်မှုအတွက် တူရကီနိုင်ငံ တရားရုံးက အမျိုးသားတစ်ယောက်ကို ထောင်ဒဏ် နှစ် ၁၀၀၀ ချမှတ်လိုက်ပါတယ်။ ဥဇဘက်ကစ္စတန်နိုင်ငံသား မာရှာရီပေါ့ဗ်ဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း အကြိမ် ၄၀ စာနဲ့ ညီမျှတဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးနေ့ နံနက်အစောပိုင်းက ရီနာညကလပ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွက် ၃ နှစ်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့တဲ့တနင်္လာနေ့က ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

IS အဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်လို့ ဆိုပါတယ်။ မာရှာရီပေါ့ဗ်ဟာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ အခြေခံဥပဒေကို ချိုးဖောက်မှု စတဲ့စွဲချက်တွေနဲ့ စီရင်ချက် ချမှတ်ခံခဲ့ရတာပါ။ သူ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားနိုင်ခြင်းမရှိပါဘူး။ မာရီရာရှာပေါ့ဗ်ဟာ လူ ၇၉ ယောက်ကို သတ်ဖြတ်ဖို့ ကြိုးပမ်းမှု၊ လိုင်စင်မရှိဘဲ သေနတ်ကိုင်ဆောင်မှု စတဲ့ စွဲချက်တွေအတွက် နောက်ထပ်ထောင်ဒဏ် ၁၃၆၈ နှစ် ချမှတ်ခံခဲ့ရပါတယ်။ အဲဒီပစ်ခတ်တိုက်ခိုက်မှု အစီအစဉ်ကို ကူညီခဲ့တဲ့အတွက် မာမာဆာရီပေါ့ဗ်လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ကိုလည်း ထောင်ဒဏ် နှစ် ၁၄၀၀ ကျော် ချမှတ်ခဲ့ပါတယ်။

စောင့်ကြည့်ကင်မရာ မှတ်တမ်းအရ မာရှာရီပေါ့ဗ်ဟာ ကလပ်ထဲကိုဝင်ပြီး ထင်တိုင်းကြဲ ပစ်ခတ်ခဲ့ပြီး ကျည်ဖြည့်ရမယ့်အချိန်မှာ အသံဗုံးတွေ ပစ်ခတ်ခဲ့ပါတယ်။ သူဟာ ဒဏ်ရာရနေလို့ ကြမ်းပြင်ပေါ်လဲနေတဲ့သူတွေကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပြီးမှာ သူ့ကို အချိန်တော်တော်ကြာ ရှာဖွေခဲ့ရပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

Ref: BBC ” Abdulkadir Masharipov: Turkish court jails man for life over Istanbul nightclub attack”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top