ပိုင်တံခွန်နဲ့ ပိုင်ဖြိုးသု တို့ကို Customer Relations Ambassador တွေ အဖြစ် ခန့်အပ်လိုက်တဲ့ OPPO

5-8-2020-yyl-027.jpg

OPPO Myanmar က OPPO ဖုန်းသုံးစွဲသူတွေ အတွက် ပိုမို နွေးထွေးတဲ့ Customer Service ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ဖို့ ပိုင်တံခွန်နဲ့ ပိုင်ဖြိုးသု တို့ကို Customer Relations Ambassador တွေ အဖြစ် ခန့်အပ်လိုက်ပါတယ်။

OPPO ကင်မရာဖုန်း ကုမ္ပဏီဟာ မြန်မာနိုင်ငံဈေးကွက်ကို ဝင်ရောက်လာခဲ့တာ သုံးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး ယခု ၂၀၁၇ ခုနှစ်ကနေ စတင်ပြီးတော့ Friendly and Convenient ဆောင်ပုဒ်နဲ့ အညီ OPPO ဖုန်း သုံးစွဲသူတွေအတွက် မြန်ဆန်သွက်လက်တဲ့ ဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးအပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့ပြင် OPPO Customer Service နာမည်နဲ့ တရားဝင် Facebook Page ကို ဖွင့်ပေးထားပြီး သက်ဆိုင်ရာ Service Center ကို လာရောက်ဖို့ မလွယ်ကူသူ တွေအတွက် Facebook ကနေ တစ်ဆင့် software ဆိုင်ရာဖြေရှင်းမှုတွေ ကိုပါ ဝန် ဆောင်မှု ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ facebook page ကို ဝင်ရောက်ကြည့်ရှုနိုင်မယ့် link ကတော့ https://www.facebook.com/OPPOMyanmarService/ ပဲ ဖြစ်ပါတယ်။ OPPO Customer Service အနေနဲ့ ရန်ကုန်၊ ပဲခူး၊ မုံရွာ၊ မန္တလေး၊ တောင် ကြီး၊ မြစ်ကြီးနားနဲ့ မော်လမြိုင်တို့မှာ Service Center ပေါင်း ၉ခုနဲ့ အခြားပြည်နယ်နှင့်တိုင်းတွေမှာလည်း Service Point ပေါင်း ၂၆ခု တို့ကို ဖွင့်လှစ်ထားပြီးတော့ ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top