လုပ်ငန်းရှင်တွေဟာ လူငယ်တွေရဲ့ Idea တွေကို ငွေနဲ့ ဝယ်နေတာလား

young-people-working-together-in-office-PN9CJCE.jpg

လုပ်ငန်းရှင်တွေဟာ လုပ်ငန်း တစ်ခု တိုးတက်ဖို့ အတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ ကောင်းမွန်တဲ့ အကြံဉာဏ်တွေ အထူးပင် လိုအပ်ပါတယ်။

အဲဒီလို ကောင်းမွန်တဲ့ အကြံကောင်း၊ ဉာဏ်ကောင်းတွေဟာ ထူးချွန် ထက်မြက်တဲ့ လူငယ် လူရွယ်လေးတွေဆီမှာ များစွာရှိပါတယ်။ ဒါကြောင့် လူငယ်တွေဆီကနေ အကြံကောင်း ဉာဏ်ကောင်းတွေ ရရှိဖို့ လုပ်ရှင်တွေ အထူးသဖြင့် လူကြီးတွေဟာ ငွေနဲ့ ဝယ်ကြရပါတယ်။

ဘာကြောင့် ငွေနဲ့ ဝယ်ရသလဲ

လူငယ်တွေဟာ သူတို့ ဘဝ တိုးတက်ဖို့ စိတ်ကူးတွေ အိပ်မက်တွေနဲ့ ရှေ့ဆက်ဖို့ ငွေဟာ နံပါတ် ၁ လိုမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ အဲဒါကြောင့် သူတို့မှာ ရှိတဲ့ အကြံဉာဏ်တွေ အားလုံးကို လုပ်ငန်းရှင်ကို ပုံအောချပြပြီး နောက်ဆုံးတော့ ငွေနဲ့ လှဲလိုက် ရပါတယ်။

လူကြီးတွေမှာ ဘာကြောင့် အကြံဉာဏ်တွေ နည်းလာရလဲ

လူကြီးတွေ တုံးတာ အတာ မဟုတ်ဘူး လူငယ်တွေက လူကြီးတွေထက် အတွေးအခေါ် အယူအဆတွေ ကောင်းမွန်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်း တစ်ခု တိုးတက်ဖို့က လူငယ်တွေရဲ့ အကြံဉာဏ်တွေကို မယူဘဲ လုပ်ရင်တော့ အောင်မြင်ဖို့ ဆိုတာ နည်းပါလိမ့်မယ်။ ဒါကြောင့် လူငယ်တွေဆီကနေ အကြံကောင်း ဉာဏ်ကောင်းတွေ ရရှိဖို့ လိုအပ်ပါလိမ့်မယ်။

လူငယ်တွေက အကြံဉာဏ်တွေ ရောင်းလိုက်ရတဲ့ အပေါ် ကျေနပ်ကြပါရဲ့လား?

အတော်များများကတော့ ဦးနှောက်ဖောက်စား တယ်လို့ပဲ မြင်ကြပါတယ်။ ဘာလို့ဆိုတော့ ကိုယ်ဘက်က အကြံဉာဏ်တွေ ချပြရင် ချပြသလောက် အကျိုးအမြတ်တွေ မရကြပါဘူး။ ဒီအချက်ကတော့ လူငယ်တွေရင်ထဲ ခံစားရတဲ့ အကြောင်းထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။

လူကြီးတွေက ခေါင်းပုံဖြတ်တာလား

အဲဒီလိုလည်း မဟုတ်ပါဘူး။ တစ်ချို့ လူကြီးတွေက မြေတောင်မြှောက်ပေးကြပေမယ့် တစ်ချို့ လုပ်ငန်းရှင်တွေကတော့ လူငယ်တွေကို ခိုင်းလို့ ရသလိုက် ခိုင်းတယ်လို့ပဲ မြင်ပါတယ်။

လူငယ်နဲ့ လူကြီး အတူ လက်တွဲပါ

လူကြီးတွေဟာ လူငယ်တွေရဲ့ အကြံပေးမူတွေ၊ အကြံကောင်း ဉာဏ်ကောင်းတွေကို တစ်လေးတစ်စား စဉ်စားပေးပါ။ လူငယ်တွေကလည်း လူကြီးတွေရဲ့ အယူအဆ အပေါ် လက်ခံပေးပါ။ အဲဒီလို မဟုတ်ဘဲ လူငယ်နဲ့ လူကြီးတွေ စိတ်သဘောထားခြင်း မတူညီသရွေ့ ပတ်ဝန်းကျင် တစ်ခုလုံး တိုးတက် ပြောင်းလဲ ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ လူကြီးတွေဟာလည်း လူငယ်တွေရဲ့ Idea တွေကို ငွေနဲ့ ဝယ်တယ်ဆိုရင် တန်ရာတန်ကြေး ပေးပြီး လူငယ်တွေကို လေးစားဖို့လည်း လိုအပ်ပါလိမ့်မယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top