လမ်းခွဲလိုက်တဲ့ချစ်သူကို သတိရတဲ့ စိတ်မှသက်သာစေရန် (၅) ချက်

couple-breaking-up-the-relationship-PZGKMCB.jpg

 ၁။ တကယ်ချစ်တဲ့ သူက ပိုပြီး နာကျင်ရတယ်

ချစ်သူနှစ်ဦး အကြောင်းကြောင်းကြောင့် လမ်းခွဲလိုက်တဲ့ အခါမှာ တကယ်ချစ်တဲ့ သူကတော့ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ သို့သော် သတိရတဲ့ စိတ်တွေကို ဖျောက်ဖျက်ဖို့တော့ လိုပါလိမ့်မယ်။

၂။ သူနဲ့ပက်သက်တဲ့ အရာတွေကို မမြင်ရအောင် အားလုံးဖျောက်ဖျက်ပစ်ပါ

ဓာတ်ပုံတွေ ၊ အမှတ်တရ လက်ဆောင်တွေက လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ ချစ်သူကို ပြန်လည် တမ်းတမိစေပါတယ်။ ဒါကြောင့် အဲလို သူနဲ့ပက်သက်တဲ့ အရာတွေ အားလုံးကို ဖျောက်ဖျက်ပစ်လိုက်ပါ။

၃။ အချိန်က ကုစားသွားမှာပါ

အချိန်ကာလ တစ်ခုကို မရောက်မခြင်းတော့ အရမ်းခံစားရလိမ့်မယ်။ သို့သော် အချိန်ကြာ သွားရင်တော့ နာကျင်မူလေးများက သက်သာလာ ပါလိမ့်မယ်။ မေ့သင့်တာတွေကို မေ့နိုင်အောင်တော့ ကြိုးစားရမှာပေါ့။

၄။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကိုတွေးပါ

အချစ်ဆိုတာ တစ်ယောက်တည်း ချစ်နေရင်လည်း တစ်ယောက်တည်းပဲ ခံစားရတယ်။ ကိုယ်ချစ်တဲ့ သူက ကိုယ့်ကိုယ် ပြန်မချစ်နိုင်မှတော့ မေ့လိုက်ရတာပေါ့။ ဒါကြောင့် ဘဝမှာ
ဖြစ်သင့်တာတွေကို လုပ်တာက စိတ်ချမ်းသာစေပါတယ်။

၅။ အချစ်တစ်ခုတည်းမှ ဘဝကို တည်ဆောက်လို့ မရတာ

အချစ်ကြောင့် ဘဝတစ်ခုလုံးကိုတော့ အပျက်အဆီး မခံပါနဲ့။ လမ်းခွဲလိုက်တဲ့ ချစ်သူဟာ ကိုယ့်ကိုယ် ချစ်တဲ့သူလည်း ဖြစ်မယ်၊ မချစ်တဲ့ သူလည်း ဖြစ်မယ် သို့သာ် အချစ်တစ်ခုတည်းမှ ဘဝကို တည်ဆောက်လို့ မရတာ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top