ဆူဒန်နိုင်ငံမှာ နှစ် ၃၀ ကျော် ကျင့်သုံးလာတဲ့ အစ္စလာမ်စည်းမျဉ်း တွေကို ဖျက်သိမ်း

13-7-2020-yyl-010.jpg

အစ္စလာမ်စည်းမျဉ်းတွေကို နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့တဲ့ ဆူဒန်နိုင်ငံဟာ မွတ်စလင်မဟုတ်သူတွေကို အရက်သောက်ခွင့်ပေးတာ၊ ဘာသာရေး၊ နိုင်ငံရေးယုံကြည်ချက် သွေဖည်မှုဥပဒေကို ဖျက်သိမ်းတာ၊ လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးမှု ဖျက်သိမ်းတာ စတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

” ဆူဒန်နိုင်ငံမှာ လူ့အခွင့်အရေးဖောက်ဖျက်တဲ့ ဥပဒေအားလုံးကို ဖျက်သိမ်းသွားမှာပါ”လို့ ဆူဒန်နိုင်ငံ တရားရေးဝန်ကြီး အဗ္ဗဒူဘာရီက ပြောပါတယ်။ အဲဒီဥပဒေသစ်တွေကို ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ပြဋ္ဌာန်းခဲ့တာဖြစ်ပေမဲ့ ဇူလိုင်လ ၁၂ ရက်မှသာ လူသိရှင်ကြား ရှင်းပြခဲ့တာပါ။

ဆူဒန်နိုင်ငံမှာ အမျိုးသမီးတွေ ကာမဂုဏ်အာရုံမခံစားနိုင်အောင် လိင်အင်္ဂါဖြတ်တာကိုလည်း တားမြစ်ပိတ်ပင်ထားပါတယ်။ ဆူဒန်နိုင်ငံရဲ့ ဥပဒေသစ်တွေအရ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ကလေးတွေနဲ့ ခရီးသွားဖို့အတွက် အမျိုးသား ဆွေမျိုးသားချင်းတစ်ဦးဦးထံကနေ ခွင့်ပြုချက်တောင်းခံဖို့ မလိုတော့ပါဘူး။ ဆူဒန်နိုင်ငံကို ကာလရှည်အုပ်ချုပ်ခဲ့တဲ့ သမ္မတ အယ်လ်ဘာရှာ ရာထူးကနေ ဖြုတ်ချခံရပြီးနောက်မှာ အခုလို ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ မွတ်စလင်မဟုတ်သူတွေအနေနဲ့ မမြင်ကွယ်ရာမှာ အရက်သေစာ သောက်စားခွင့်ရပေမဲ့ မွတ်စလင်တွေနဲ့အတူ သောက်စားနေတာ မြင်ရင်တော့ ပြစ်ဒဏ်ချမှတ်ခံရမှာပါ။ ဆူဒန်နိုင်ငံမှာ မွတ်စလင်မဟုတ်သူ ၃ ရာခိုင်နှုန်းရှိပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top