စွန့်ပစ်ကျောင်းတစ်ကျောင်းကို သူငယ်ချင်း ၃ ဦးဝယ်ယူပြီး ၃၁ ယူနစ် ဇိမ်ခံတိုက်ခန်းတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့

9.5.2023-yyl-7.jpg

၂၀၁၉ ခုနှစ်က အိမ်ခြံမြေအေးဂျင့် ဂျက်ဆေး ဝစ်ဂျ် (၃၄ နှစ်)ဟာ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ရင်းနှီးမြှုပ်နှံသူအာဒမ် ကိုလုဆီ (၃၅ နှစ်)၊ Developerနဲ့ မိသားစုအိမ်ခြံမြေအကြံပေး ဒန် စပါနိုဗစ်ချ် (၄၁ နှစ်) တို့နဲ့အတူ ပင်ဆယ်ဗေးနီးယားပြည်နယ်က စွန့်ပစ်အထက်တန်းကျောင်းတစ်ကျောင်းကို ဒေါ်လာ ၁၀၀၀၀၀ နဲ့ ဝယ်ယူခဲ့တယ်။ အထက်တန်းကျောင်းရဲ့ဖြစ်နိုင်တဲ့အလားအလာကို အရင်ဆုံး မြင်ခဲ့တာက ဂျက်ဆေးပါ။ ကျောင်းကို ပြောင်းလဲပစ်ဖို့ ရွေးချယ်စရာအမျိုးမျိုးနဲ့စဉ်းစားခဲ့တာက အာဒမ်ပါ။ သူက ကျောင်းကို မင်္ဂလာခန်းမ၊ ဘီယာဥယျာဉ်နဲ့ အလုပ်ရုံအဖြစ် ပြောင်းလဲပစ်ဖို့ စိတ်ကူးမိခဲ့တယ်။

ဒန်၊ ဂျက်ဆေးနဲ့ အာဒမ်

ဒန်က‌တော့ ဂျက်ဆေးနဲ့အာဒမ်တို့ သူ့ကို အကူအညီတောင်းခဲ့လို့ ဒီပရောဂျက်မှာ နောက်ဆုံးပါဝင်ဖြစ်ခဲ့တာပါ။ သူတို့သူငယ်ချင်း ၃ ဦးက စွန့်ပစ်ကျောင်းအတွက် အရင်အစီအစဉ်တွေကို ဖျက်ပြီး ၃၁ ယူနစ် ဇိမ်ခံတိုက်ခန်းအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ စွန့်ပစ်အဆောက်အအုံက အတော်လေးဟောင်းတဲ့အတွက် သူတို့အတွက် စိန်ခေါ်မှုဖြစ်ခဲ့ပြီး အရဲစွန့်ကာ ပြောင်းလဲပစ်ခဲ့ရတာပါ။ ကျောင်းထဲက စာသင်ခန်းတွေကို အခန်းတွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ ကျောင်းခန်းမက နားနေခန်းဖြစ်လာခဲ့ပါတယ်။

အခုဆို သူတို့ အဲ့ဒီစွန့်ပစ်ကျောင်းကို ဝယ်ယူပြီး ၃ နှစ်အကြာမှာ အိပ်ခန်း ၁ ခန်းပါတိုက်ခန်း ၂၇ ခန်းနဲ့ အိပ်ခန်း ၂ ခန်းပါ တိုက်ခန်း ၄ ခန်းနဲ့ အဆောက်အအုံကြီးဖြစ်နေပါပြီ။ ဒီတိုက်ခန်းတွေအတွက် ငှားရမ်းခတွေကတော့ တစ်လကို ဒေါ်လာ ၁၆၅၀ နဲ့ အထက် ကျသင့်နိုင်ပါတယ်။

Ref: Three Friends Buy Abandoned School In Pennsylvania, Turn It Into 31-Unit Luxury Rental

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top