အမေရိကန်နိုင်ငံမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၀,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်

13-7-2020-yyl-009.jpg

အမေရိကန်နိုင်ငံမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သလို ဖလော်ရီဒါပြည်နယ်မှာလည်း ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၁၅,၂၉၉ ယောက်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ လူဦးရေရဲ့ ၇ ရာခိုင်နှုန်းရှိတဲ့ ဖလော်ရီဒါပြည်နယ်ဟာ အရင်တုန်းက ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ စံချိန်ကို ချိုးဖျက်ခဲ့တာပါ။

ပြီးခဲ့တဲ့မေလက ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်မှု စည်းမျဉ်းတွေ စတင်ဖယ်ရှားပေးခဲ့တဲ့ ဖလော်ရီဒါပြည်နယ်ဟာ ခရီးသွားလုပ်ငန်းနဲ့ သက်ကြီးရွယ်အို လူဦးရေကြောင့် အထိနာနေရတာပါ။ ဖလော်ရီဒါပြည်နယ်ရဲ့ တစ်ရက်တာ ရောဂါကူးစက်ခံရသူပမာဏဟာ ပြီးခဲ့တဲ့ဧပြီလအတွင်း နယူးယော့ခ်မြို့မှာ ကြုံတွေ့ခဲ့တဲ့ တစ်ရက်တာ ရောဂါကူးစက်ခံရသူ အရေအတွက်ထက်လည်း ပိုများပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၅ ယောက် ရှိခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ဆေးရုံ ၄၀ ကျော်မှာလည်း အထူးကြပ်မတ်ကုသခန်းတွေ လူပြည့်နေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၃.၃ သန်းကျော်ရှိနေပြီး လူ ၁၃၄,၀၀၀ ယောက် သေဆုံးခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top