Tech Age Girls မြန်မာ ၂၀၂ဝ – ၂၀၂၃ မှ ထိပ်တန်းထူးချွန်ဆုများရရှိခဲ့သူများက အကျိုးပြုလုပ်ငန်းများကို ပြသကာ International Women’s Day ကို ဂုဏ်ပြု

8.3.2023-yyl-iamge-၁၆.jpg

အူရီဒူးမြန်မာမှ ပံ့ပိုးပေးလျက်ရှိတဲ့ အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်‌ရေးအစီအစဉ် Tech Age Girls မြန်မာ ၂၀၂ဝ – ၂၀၂၃ မှ ထိပ်တန်းထူးချွန်ဆုများရရှိခဲ့တဲ့ အမျိုးသမီးငယ်လေးတွေက သူတို့ရဲ့ ရပ်ရွာလူမှုအကျိုးပြုလုပ်ငန်းတွေကို ပြသပြီး ယနေ့ကျရောက်တဲ့ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲကို အူရီဒူးမြန်မာရုံးချုပ်မှာ ဆင်နွှဲခဲ့ပါတယ်။

အူရီဒူးမြန်မာမှ မြန်မာအမျိုးသမီးငယ်လေးတွေကို ဒစ်ဂျစ်တယ်၊ ICT နှင့် စီမံကိန်း စီမံခန့်ခွဲမှုသင်တန်းများဖြင့် ပံ့ပိုးပေးခြင်းဖြင့် လူမှုဘဝတိုးတက်ရေး အခွင့်အလမ်းများပေးအပ်နိုင်အောင် Tech Age Girls မြန်မာအစီအစဉ်ကို ၂၀၁၆ ခုနှစ်မှစတင်ပြီး ပံ့ပိုးကူညီခဲ့ပါတယ်။ ရပ်ရွာ/ကျေးရွာ စာကြည့်တိုက်တွေမှာ အခြေစိုက်တဲ့ Tech Age Girls မြန်မာအစီအစဉ်ဟာ ယနေ့အချိန်အထိ သင်တန်းသား ၈၀၀ ကျော် လက်ခံခဲ့ပြီး ထူးချွန်သင်တန်းဆင်း ၁၆၀ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ယနေ့အခမ်းအနားမှာ သူတို့ရဲ့ကိုယ်ပိုင် ပရောဂျက်တွေကို ပြသခဲ့တဲ့ အမျိုးသမီးငယ်လေးတွေဟာ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လာရောက်ကြတာဖြစ်ပြီး Tech Age Girls မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ သင်တန်းကာလရဲ့ နောက်ဆုံးအဆင့် ဆုရအမျိုးသမီးငယ်လေးတွေဖြစ်ပါတယ်။
ဒီအမျိုးသမီးလေးတွေဟာ သူတို့‌ရပ်ရွာအသီးသီးမှ လူမှုအသိုင်းအဝိုင်းတွေရဲ့အကျိုးအတွက် ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ပြန်လည်ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ အူရီဒူးကလည်း လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Tech Age Girls မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ နှင့် ၎င်း၏ ဆုရစီမံကိန်းများအား ဖော်ပြပါ link

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top