မင်းသားကြီးဂျက်ကီချမ်းက သူ့ကို သားအရင်းတစ်ယောက်လို သတ်မှတ်ခဲ့တယ်ဆိုတဲ့ ဒန်နီရယ် ဝူ

19-6-2020-yyl-012.jpg

၁၉၉၀ ပြည့်နှစ်ဝန်းကျင်လောက်ကတည်းက တရုတ်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့၊ လက်ရှိ ဟောလီဝုဒ်ဇာတ်ကားတွေထဲမှာလည်း ပါဝင်နေပြီဖြစ်တဲ့ တရုတ်မင်းသား ဒန်နီရယ်ဝူက မကြာသေးခင်ကမှ The May Lee Show မှာ ပါဝင်ခဲ့ပါတယ်။ အသက် (၄၅) နှစ် ရှိပြီဖြစ်တဲ့ ဒန်နီရယ် ဝူက အဲဒီ Show ပွဲမှာ ဟောလီဝုဒ်က ပရဟိတအဖွဲ့အစည်းတွေ၊ လူမျိုးခြားခွဲခြားမှု၊ ကပ်ရောဂါအကြောင်း အပါအဝင် အကြောင်းအရာတော်တော်များများကို ပြောခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘရုစလီဆီ သူရေးသားခဲ့တဲ့ (ချစ်လှစွာသော ဘရုစလီ..ခင်ဗျား အဲဒီနေရာမှာ ရှိနေဖို့ ဆုတောင်းတယ်) ဆိုတဲ့စာတစ်စောင်အကြောင်းကိုလည်း ဇွန်လ (၆) ရက်နေ့က The Undefeated Site မှာ တင်ထားခဲ့ပါတယ်။

Show ပွဲမှာ ဒန်နီရယ် ဝူဟာ ဂျာနယ်လစ် မေ လီနဲ့ စကားစမြည်းပြောကြရင်း ဟောင်ကောင်စူပါစတား ဂျက်ကီချန်းအကြောင်းပြောဖြစ်ခဲ့ပါတယ်။ ဒန်နီရယ် ဝူနဲ့ ဂျက်ကီချမ်းတို့က New Police Story၊ Rob-B-Hood လို ဇာတ်ကားတွေမှာ အတူတူတွဲပြီး သရုပ်ဆောင်ခဲ့ဖူးကြပါတယ်။ သူနဲ့ ဂျက်ကီချမ်းတို့ အတူတူသရုပ်ဆောင်ခဲ့တုန်းက အတွေ့အကြုံတွေကို ဒန်နီရယ် ဝူက ပြောခဲ့တာဖြစ်ပါတယ်။ “ဂျက်ကီချမ်းက တကယ်ကို အလုပ်သရဲပါပဲ။ ဒီအတိုင်းရပ်မနေဘူး။ တစ်ချိန်တုန်း အလုပ်လုပ်နေတာပဲ”လို့ ဒန်နီရယ်ဝူက ပြောပါတယ်။ သူနဲ့ ဂျက်ကီချမ်းက ဇာတ်ကားတွေမှာ အတူတူသရုပ်ဆောင်ခဲ့ကြတာ တစ်ကားနှစ်ကားတင်မကပါဘူး။ ဇာတ်ကားတော်တော်များများမှာ ပါဝင်ခဲ့တာပါ။

လက်ရှိ ကယ်လီဖိုနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ ဒန်နီရယ် ဝူက “ကျွန်တော်တို့ ဇာတ်ကားတွေ အတူတူရိုက်ခဲ့ကြတယ်။ တစ်ခါတလေ ဂျက်ကီချမ်းက ကျွန်တော့်ကို မင်းအလုပ်ကို ပေါ့ပေါ့တန်တန်မထားတာ၊ မင်း အလုပ်ကြိုးစားတာ၊ ပေးတဲ့အခွင့်အရေးကို ယူတာ မြင်ရတာ ဝမ်းသာတယ်ပြောပါတယ်”လို့ ဂျက်ကီချမ်းက သူ့ကို ချီးကျူးစကားဆိုကြောင်းပြောပါတယ်။ ဒန်နီရယ်ဝူက သူ အလုပ်ကျင့်ဝတ်ရှိရတာက ဂျက်ကီးချမ်းကြောင့်ပါဆိုတာကို “ကျွန်တော့်အလုပ်ကျင့်ဝတ် တော်တော်များများဟာ သူ့ဆီကသင်ယူခဲ့ရတာပါ။ နှစ်တော်တော်ကြား သူ့ဘေးကနေ အလုပ်လုပ်ခဲ့ရတာကြောင့်ပါ။ သူက တကယ်တော်တဲ့၊ ကောင်းရာညွှန်ပြပေးတဲ့ ဆရာတစ်ယောက်ပါ”လို့ ပြောပါတယ်။

ဂျက်ကီချမ်းက သူ့ကို ဒုတိယသားအနေနဲ့လည်း ယူဆခဲ့ကြောင်းလည်း ပြောပါတယ်။ ” သူ့သားက ကျွန်တော့်ထက် (၁၀) နှစ်လောက်ငယ်မယ်ထင်တယ်။ သူ့သားကို ထိန်းမရခဲ့တဲ့အချိန်တော်တော်များများရှိခဲ့တယ်။ သူ့သားက ကျွန်တော်ကို လေးစားတာ သူသိတယ်။ ဒါကြောင့် သူက ကျွန်တော်ကို ပြောတယ်။ “ငါ့စကားကို နားမထောင်လို့ မင်းရဲ့ညီကို ဂိမ်းအရမ်းဆော့တာတွေ ရပ်ဖို့ပြောဦး..ဒါကို လုပ်နေတာပြောဦး”တဲ့။ ကျွန်တော် အဲဒီအတွက် လုပ်ပေးရပါတယ်”လို့ ရယ်ပြီးပြောပါတယ်။

လက်ရှိမှာ ဒန်နီရယ် ဝူက ဟုဂျက်မန်း (Hugh Jackman) နဲ့အတူ ၂၀၂၁ခုနှစ်မှာ ထွက်ရှိမယ့် Reminiscence ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: Actor Daniel Wu says Jackie Chan considers him like a son

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top