လက်ထပ်တော့မယ်လို့ ဖွင့်ဟ လိုက်တဲ့ ဆောင်းဂျုံကီ နဲ့ ဆောင်းဟေကျို

hong-kong-april-05-china-out-actor-song-joong-ki-and-actress-song-hye-kyo-attend-television-drama-descendants-of-the-sun-press-conference-on-april-5-2016-in-hong-kong-hong-kong.jpg

လူကြိုက်များခဲ့တဲ့ K-drama Descendants of the Sun ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ ဆောင်းဂျုံကီ(Song Joong Ki) နဲ့ ဆောင်းဟေကျို(Song Hye Kyo) တို့နှစ်ယောက်ဟာချစ်ကြိုက်နေကြပြီး မကြာခင်မှာလက်ထပ်ကြတော့မယ်လို့ သူတို့ရဲ့အေဂျင်စီက ဇူလိုင်လ  ၄ ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

အေဂျင်စီရဲ့သတင်းထုတ်ပြန်ချက်အရ သူတို့နှစ်ယောက်ဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ လက်ထပ်ကြမှာဖြစ်တယ်လို့သိရပါတယ်။ ဒီသတင်းဟာ သူတို့ နှစ်ယောက်ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလဟာလသတင်းများနောက်ပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး  သရုပ်ဆောင်နှစ်ယောက်ဟာ မကြာသေးခင်က ဘာလီမှာလည်း ချိန်းတွေ့ခဲ့ကြပါသေးတယ်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်တွဲနေကြတယ်ဆိုတဲ့သတင်းကို သရုပ်ဆောင် ၂ ယောက်ရဲ့ အေဂျင်စီများဖြစ်တဲ့ Blossom  Entertainment နဲ့ UAA Entertainment တို့မှ “ ပထမဆုံး ဆောင်းဂျုံကီ(Song Joong Ki) နဲ့ ဆောင်းဟေကျို(Song Hye Kyo) တို့ကို ချစ်မြတ်နိုးပြီး စိတ်ဝင်စားပေးခဲ့ကြတဲ့ ကိုရီးယားနဲ့နိုင်ငံတကာမှ ပရိတ်သတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ထုတ်ပြန်လိုက်တဲ့သတင်းကို  နားလည်ပေးဖို့မျှော်လင့်ပါတယ်။ ဆောင်းဂျုံကီ(Song Joong Ki) နဲ့ ဆောင်းဟေကျို(Song Hye Kyo)တို့ဟာ အောက်တိုဘာ ၃၁ ရက်နေ့မှာ လက်ထပ်ကြဖို့အတွက် ပြင်ဆင်နေပါတယ်။ ဒါကြောင့် ပရိတ်သတ်တွေ ချစ်ရတဲ့ သရုပ်ဆောင်နှစ်ဦးရဲ့ မင်္ဂလာပွဲကို  ဝိုင်းဝန်းဆုတောင်းမေတ္တာပို့ပေးဖို့အတွက် ကျွန်တော်တို့ တောင်းဆိုလိုပါတယ်။ ” လို့ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုတရားဝင်သတင်းမထွက်ပေါ်လာခင်က သူတို့ နှစ်ဦးဟာ ချိန်းတွေ့နေကြတယ်လို့ ကောလဟာလများထွက်ပေါ်နေခဲ့ပြီး နောက်ဆုံးတော့  ကောလာဟာလ တွေဟာ တကယ်မှန်နေခဲ့ပြီး ဆောင်းဂျုံကီ(Song Joong Ki) နဲ့ ဆောင်းဟေကျို(Song Hye Kyo) တို့ဟာ  လက်တွဲသွားကြတော့မှာဖြစ်ပါတယ်။

Ref : Koreaboo News : Song Joong Ki and Song Hye Kyo are getting married

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top