သားရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုကို ကန့်ကွက်ရှုတ်ချဖို့ တိုက်တွန်းတဲ့ သရုပ်ဆောင် ဒေါင်း

19-6-2020-yyl-011.jpg

သားရိုင်းတိရစ္ဆာန်တွေကို တရားမဝင်သတ်ဖြတ်ကာ ကုန်သွယ်မှုပြုလုပ်နေတာကို ကန့်ကွက်ရှုတ်ချရန် သရုပ်ဆောင်ဒေါင်းက facebook မှာ Live လွှင့်ကာ တိုက်တွန်းခဲ့ပါတယ်။

‘‘ဒီဟာကို ကန့်ကွက် ဆန့်ကျင်တဲ့အနေနဲ့ သားရိုင်းတိရစ္ဆာန်တွေနဲ့ပြုလုပ်တဲ့ အသုံးအဆောင်ပစ္စည်း ဘာတစ်ခုမျှ ကိုင်တွယ်အသုံးမပြုပါဘူး။ သားရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ခြင်းနဲ့ဆက်နွှယ်တဲ့ ဘယ်အရာကိုမဆို မလုပ်ဘူးဆိုတဲ့ ရပ်တည်မှုနဲ့ ဒီအရာကို ကန့်ကွက်ရှုတ်ချပါတယ်’’လို့ ဒေါင်းက ပြောပါတယ်။

ကမ္ဘာပေါ်က တိရစ္ဆာန်တွေကို လိုအပ်တာထက် ပိုမိုသတ်တဲ့အခါ ကပ်ရောဂါတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

Cherry ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top