မိဘမဲ့ဂေဟာအတွက် ၁၀ နှစ်ကြာ တိတ်တဆိတ်ထောက်ပံ့ကူညီပေးခဲ့တဲ့ ပတ်ဘိုဂမ်

18-5-2022-yyl-06.jpg

ကိုရီးယားမင်းသားချော ပတ်ဘိုဂမ်ဟာ မိဘမဲ့ကလေးဂေဟာတစ်ခုအတွက် တိတ်တဆိတ်ထောက်ပံ့ကူညီလာခဲ့တာ ၁၀နှစ်ရှိပြီလို့ သိရပါတယ်။ “Myung Jin Flower Love Village” ဆိုတဲ့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့အစည်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပတ်ဘိုဂမ်ရဲ့ပရဟိတအလုပ်တွေအကြောင်း မီးမောင်းထိုးပြောပြခဲ့ရာမှ သိရှိခဲ့ရတာပါ။

မေလ ၁၇ ရက်နေ့မှာ “Myung Jin Flower Love Village”က ကလေးများနေ့အတွက် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပွဲအစီအစဉ်နဲ့ပတ်သက်ပြီး ပတ်ဘိုဂမ်ကိုယ်တိုင်လာရောက်ပြီး ပစ္စည်းတွေနေရာချစီစဉ်ပေးနေတဲ့ပုံတွေကို ဘိုဂမ်ရဲ့ဖန်ကလပ်မှာ တင်ပေးခဲ့တာပါ။ ၂၀၁၃ခုနှစ်ကတည်းက ပတ်ဘိုဂမ် ကူညီထောက်ပံ့ပေးနေခဲ့တာကိုလည်း ရေးသားပြောဆိုခဲ့ပါတယ်။

“၂၀၁၃ခုနှစ်က စတင်ခဲ့တဲ့ ချစ်ခြင်းမေတ္တာဖြန့်ဝေမှုက ဒီနှစ် ၁၀ နှစ်ပြည့်မြောက်ပါပြီ။ တစ်ချိန်လုံး မပြောင်းလဲတဲ့ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေကို ပေးနေတဲ့အတွက် ပတ်ဘိုဂမ်နဲ့ သူ့ရဲ့Ministy of Bo Gum ဖန်ကလပ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကလေးတွေက မင်းတို့ နှစ်တိုင်းပို့ပေးတဲ့ ပစ္စည်းတွေကို ကောင်းကောင်းသုံးနေကြပါတယ်”လို့ ရေးသားခဲ့ပါတယ်။

“အခုနှစ်မှာ ပတ်ဘိုဂမ်ဟာ ဖန်ကလပ်က ပေးပို့ခဲ့တဲ့ ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စီစဉ်ပေးခဲ့ပါတယ်။ ကလေးတွေအတွက် လက်ဆောင်အပြည့်နဲ့လာခဲ့တဲ့ ဘိုဂမ်က ပစ္စည်းပေးပို့ဖို့ နာမည်တံဆိပ်ကပ်တာ၊ ပစ္စည်းတွေစစ်ဆေးတာ၊ ပစ္စည်းတွေခွဲထုတ်တာတွေကို ချောမွေ့စွာလုပ်ပေးခဲ့တာပါ။ အမှိုက်တွေတောင် သန့်ရှင်းပေးခဲ့ပါတယ်” လို့ ဆက်လက် ရေးသားထားပါတယ်။

“သူ့ရဲ့ကြိုးစားအားထုတ်မှုကို ဘေးကနေ ကြည့်နေရချိန်မှာ ပတ်ဘိုဂမ်ဟာ သူ့ရဲ့လုပ်ရပ်တွေနဲ့ ချီးမွှမ်းထိုက်တဲ့သူဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့နိုင်ခဲ့တယ်။ သူ့စကားတစ်ခွန်းချင်းစီရဲ့ ရိုးသားမှုကနေ ကျွန်တော်တို့အားလံးရဲ့နှလုံးသားတွေ နွေးထွေးလာတာကို ခံစားနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း တိတ်တဆိတ် ထောက်ပံ့ကူညီပေးခဲ့တဲ့ ကောင်းမှုကုသိုလ်တွေနဲ့ ကျွန်တော်တို့ခရီးလမ်းမှာ ပါဝင်ပေးခဲ့ကြတဲ့ ပတ်ဘိုဂမ်နဲ့ Ministry of Bo Gum ကို ကျေးဇူးတင်ပါတယ်” လို့ အဆုံးသတ်ရေးသားထားပါတယ်။

မင်းသား ပတ်ဘိုဂမ်က ပြီးခဲ့တဲ့လကမှ စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးသွားခဲ့တာပါ။ စစ်မှုထမ်းပြီးနောက် ပထမဆုံးအနေနဲ့ “58th Baeksang Arts Awards” ဆုပေးပွဲမှာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘိုဂမ်က မင်းသား ပတ်ဆိုဂျွန်း၊ ဂျီချန်ဝုဒ်၊ အန်ဘိုဟွန်းတို့နဲ့အတူ Variety Show အသစ်မှာ ပါဝင်ဖို့ ဆွေးနွေးနေပါတယ်။

Ref: Soompi “Park Bo Gum’s Charity Work Over The Past Decade Highlighted By Child Welfare Institution”

WL (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top