Wonder Woman 3 ဇာတ်ကားနဲ့ ပရိသတ်တွေ ပြန်မြင်တွေ့ရဉီးမယ့် ဂယ်ဂဒေါ့

28-12-2020-yyl34.jpg

ခရစ်စမတ်နေ့က ပြသခဲ့တဲ့ ၂၀၁၇ခုနှစ်ရဲ့ Wonder Woman ဇာတ်ကားနောက်ဆက်တွဲ Wonder Woman 1984 ဇာတ်ကားဟာဆိုရင် Box Office မှာရော၊ Streaming Service HBO Max မှာပါ အောင်မြင်တွေရရှိနေပါတယ်။ အဲဒီလိုအောင်မြင်မှုတွေ ရရှိခဲ့ပြီးတဲ့နောက်မှာတော့ Wonder Woman ရဲ့ဒါရိုက်တာ ပတ်တီ ဂျန်ကင်စ် (Patty Jenkins) ဟာ တတိယမြောက်ဇာတ်ကားထွက်ရှိလာဦးမှာလို့ ပြောကြားလိုက်ပါတယ်။ Wonder Woman တတိယမြောက်ဇာတ်ကားမှာလည်း ဂယ်ဂဒေါ့ပဲ ပြန်ပါဝင်မှာဖြစ်တဲ့အတွက် ပရိသတ်တွေကတော့ ထပ်မံကြည့်ရှုရမှာဖြစ်ပါတယ်။

“ကမ္ဘာ့တစ်ဝှမ်းက ပရိသတ်တွေကတော့ Wonder Woman 1984 ဇာတ်ကား ပြသချင်းရက်မှာပဲ အားပေးကြပြီး Diana Prince ကို ဆက်လက်ကြည့်ချင်ကြတဲ့အတွက် တကယ့်လက်တွေ့က Wonder Women တွေနဲ့အတူ Diana Prince ရဲ့ဇာတ်လမ်းကို ဆက်လက်ရိုက်ကူးသွားဖို့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေရပါတယ်” Warner Bros ထုတ်လုပ်ရေးရဲ့ တိုဘီ အီမာရစ်ချ် (Toby Emmerich) က ထုတ်ပြန်ခဲ့ပါတယ်။ ဒါရိုက်တာ ပတ်တီကတော့ ရုပ်ရှင်လောကမှာလည်း ကိုဗစ်ကပ်ရောဂါရဲ့အကျိုးသက်ရောက်မှုရှိနေတဲ့အတွက် နောက်ဆက်တွဲဇာတ်ကားကို ကြည့်ရဖို့ အချိန်ကြာနိုင်တယ်လို့လည်း ဖွင့်ဟထားပါတယ်။ Wonder Woman တတိယမြောက်ဇာတ်ကားရိုက်ကူးဖို့က သေချာနေပေမဲ့ ဘယ်တော့ စတင်ရိုက်ကူးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Wonder Woman ဇာတ်ကားရဲ့ဇာတ်အိမ်တိုင်းက စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် နောက်ထွက်ရှိလာမယ့် တတိယမြောက်ဇာတ်ကားကလည်း စိတ်ဝင်စားဖို့ကောင်းမှာအမှန်ပါပဲ။ Wonder Woman 1984 ဇာတ်ကားဟာ ခရစ်စမတ်နေ့ စပြပြချင်းမှာပဲ Box Office မှာ ဝင်ငွေ ဒေါ်လာ ၁၆.၇ သန်းရှိခဲ့ပြီး အခုဆိုရင် အဲဒီကတည်းကနေ worldwide box office မှာ ဒေါ်လာ ၈၅ သန်း ရှိနေပါပြီ။

Ref: AsiaOne”Gal Gadot and Patty Jenkins officially on board for Wonder Woman 3″

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top