အမေရိကန်နိုင်ငံက ကျောင်းတွေမှာ Screen Time လျှော့ချဖို့အတွက် ကျောင်းသူ/သားတွေကို Laptop ပံ့ပိုးပေးတဲ့အစီအစဉ်ကို ရပ်တန့်

Image_20260916_171007_911.png

အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားဒေသတစ်ဝိုက်က အစိုးရကျောင်းနယ်မြေတွေမှာ စာသင်ခန်းအတွင်း နည်းပညာအသုံးပြုမှုဆိုင်ရာကန့်သတ်ချက်တွေကို တင်းကျပ်လာနေပြီး ကျောင်းအများအပြားက ကျောင်းသား/သူတစ်ဦးချင်းအတွက် စက်ပစ္စည်းပံ့ပိုးပေးတဲ့အစီအစဉ်ကို လျှော့ချတာ (သို့) ရပ်ဆိုင်းတာတွေ ပြုလုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စာသင်ခန်းတွေအတွင်း Screen အသုံးပြုမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာချိန်မှာ အခုလို ဆောင်ရွက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကျောင်းနယ်မြေတချို့က ကျောင်းသား/သူတွေကို စက်ပစ္စည်းတွေကို အိမ်သို့ ယူဆောင်ခွင့်မပြုတော့ဘဲ ကန့်သတ်လိုက်သလို အခြားကျောင်းတွေက အတန်းငယ်တွေတစ်ဦးချင်းစီအတွက် Laptop နဲ့ Tablet အသုံးပြုမှုကို လျှော့ချထားပါတယ်။

The Colonial School District က မူလတန်းကျောင်းသား/သူတွေကို Laptop အိမ်သို့ ယူဆောင်ခွင့်မပြုတော့ပါ။ The Tredyffrin/Easttown School District က iPad တွေကို သူငယ်တန်းကလေးတွေကို ပေးအပ်တာမပြုလုပ်တော့ပါဘူး။ မူလတန်းကျောင်းတွေက ကျောင်းသူ/သားတွေကိုလည်း ကျောင်းဆင်းချိန်မှာ tablet တွေကို အိမ်သို့ ယူဆောင်ခွင့်ပြုတာကို တားမြစ်လိုက်ပါတယ်။ Methacton School District က သူငယ်တန်းနဲ့ ပထမတန်းကလေးတွေအတွက် တစ်ဦးချင်းစီ စက်ပစ္စည်းပေးတဲ့စနစ်ကနေ စက်ပစ္စည်းတွေကို အတူတကွမျှဝေအသုံးပြုရတဲ့စနစ်သို့ ပြောင်းလဲခဲ့ပါတယ်။ ကျောင်းတွင်းလှုပ်ရှားမှုတွေအတွက် Chromebookတွေ ရရှိနိုင်ပါတယ်။

The Phoenixville Area School District က သူငယ်တန်းကနေ တတိယတန်းအထိ ကျောင်းသား/သူတွေအတွက် တစ်ဦးချင်းစီစက်ပစ္စည်းပေးတဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါပြီ။ Wallingford-Swarthmore မှာ သူငယ်တန်းကနေ ဒုတိယတန်းအထိ ကျောင်းသား/သူတွေက အွန်လိုင်းကတဆင့် စာမေးပွဲဖြေဆိုရမှု လျော့နည်းသွားမှာဖြစ်ပြီး ပဥ္စမတန်းအထိ ကျောင်းသား/သူတွေအနေနဲ့ YouTube မှာ ရှာဖွေကြည့်ရှုတာကို ကန့်သတ်ထားပါတယ်။

Ref: US Schools Stop Giving Laptops To Kindergartners, Cut Screen Time

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top