ခြေထောက်နှစ်ဖက် ဖြတ်ခဲ့ရတဲ့ (၉)နှစ်သမီးက နယူးယော့ခ်ဖက်ရှင်ပွဲမှာ မော်ဒယ်လျှောက်

yyl-030-1.jpg

ငယ်ငယ်ကတည်းက ခြေထောက်နှစ်ဖက်လုံး ဖြတ်ခဲ့ရတဲ့ (၉)နှစ်အရွယ်မိန်းကလေးဟာ နယူးယော့ခ်ဖက်ရှင်ရက်သတ္တပတ်မှာ မော်ဒယ်လျှောက်ခွင့်ရခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့မှာ နေထိုင်တဲ့ ဒီမီထရီဟာ ခြေထောက်နှစ်ဖက် ဖြတ်ခဲ့ရတဲ့ ကလေးတွေအနက် နယူးယော့ခ်ဖက်ရှင်ပြပွဲမှာ ပထမဆုံး မော်ဒယ်လျှောက်ခွင့်ရသူ ဖြစ်လာပါတယ်။

သူဟာ ခြေထောက်နှစ်ဖက်လုံးမှာ တံကျင်ရိုးမပါတဲ့ အခြေအနေ(Fibular Hemimelia)နဲ့ မွေးဖွားလာသူပါ။ ဒါပေမဲ့ အသက် (၈)နှစ်အရွယ်ကတည်းက မော်ဒယ်လောကထဲ ရောက်နေတဲ့ ဒီမီထရီဟာ လန်ဒန်ကလေးဖက်ရှင်ပွဲမှာ မော်ဒယ်လျှောက်ခဲ့ပါတယ်။ အဲဒီမှာ Lulu et Gigi အမှတ်တံဆိပ် ဒီဇိုင်နာ ဘွေရွန်က သူ့ကို မြင်သွားပြီး နယူးယော့ခ်ဖက်ရှင် ရက်သတ္တပတ်မှာ သူတို့အမှတ်တံဆိပ်အတွက် မော်ဒယ်လျှောက်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ Lulu et Gigi အမှတ်တံဆိပ်အတွက် မော်ဒယ်လျှောက်ခွင့်ရလို့ ဒီမီထရီက အံ့အားသင့်ပြီး ဂုဏ်ယူနေတယ်လို့ သူ့အဖေက ပြောပါတယ်။ သူဟာ အခုလနှောင်းပိုင်းကျရင် အီဖယ်မျှော်စင်ထိပ်မှာ ကျင်းပမယ့်
ပဲရစ်ဖက်ရှင်ရက်သတ္တပတ်မှာလည်း မော်ဒယ်လျှောက်ခွင့်ရဖို့ ရှိနေပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top