ရုရှားနိုင်ငံမှာ ရထားလမ်းဖောက်ထားတဲ့တံတားကို ဖြတ်ခိုး

61947627_2414361875261385_8511285739286167552_n.jpg

ရုရှားနိုင်ငံမှာ သံထည်ပစ္စည်းခိုးယူသူတွေက ရထားလမ်းဖောက်ထားတဲ့တံတားတစ်စိတ်တစ်ပိုင်းကို ခိုးသွားလို့ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ သူခိုးတွေဟာ တံတားရဲ့ပင်မအစိတ်အပိုင်းဖြစ်ပြီး အရှည် (၂၃) မီတာ၊ အလေးချိန် (၅၆) တန်ရှိတဲ့ သံထည်ကို ဖြတ်ခိုးသွားတာပါ။ ရထားလမ်းဖောက်ထားတဲ့တံတားဟာ ရုရှားနိုင်ငံရဲ့ အာတိတ်ဒေသဖြစ်တဲ့ မာမန့်စ်မြို့တောင်ဘက် မိုင် (၁၀၀) အကွာက သစ်တောထဲမှာ တည်ရှိပါတယ်။

အရင်တုန်းက အနီးနားမှာရှိတဲ့စက်ရုံကို ရှားပါးသတ္တု (rare earth elements) တွေ ပို့ဆောင်ဖို့အတွက် အဲဒီရထားလမ်းကိုအသုံးပြုခဲ့ပေမဲ့ ၂၀၀၇ ခုနှစ်မှာ အဲဒီလုပ်ငန်း ဒေဝါလီခံခဲ့ရလို့ ရထားလမ်းကို ပိတ်ပစ်ခဲ့ပြီး အသုံးပြုခြင်းမရှိတော့ပါဘူး။ ပြီးခဲ့တဲ့မေလက ဒေသခံတွေကို တံတားအလယ်ပိုင်းပျောက်နေတာ သတိထားမိခဲ့ပါတယ်။ ဒီဖြစ်ရပ်က ထူးခြားပေမဲ့ ရထားလမ်းကို ပိုင်ဆိုင်တဲ့ ဒေသခံကုမ္ပဏီအတွက် ထိခိုက်ဆုံးရှုံးမှုပမာဏကတော့ အမေရိကန်ဒေါ်လာ (၉၀၀၀) လောက်ပဲ ရှိပါတယ်။ သံတိုသံစဈေးနဲ့ရောင်းဖို့ သံထည်ပစ္စည်းတွေ ခိုးယူနေကြတာ ရုရှားနိုင်ငံတွက် ပြဿနာတစ်ခုဖြစ်နေပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း သံရည်ကျိုစက်ရုံမှာ (၁၀) မီတာရှည်လျားတဲ့ ဆိုဗီယက်ခေတ် လေယာဉ်ပစ်အမြောက်တစ်လုံး ပေါက်ကွဲခဲ့ပါသေးတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top