လုပ်ငန်းတစ်ခုကို အတူတကွ ထူထောင်ခဲ့ကြတဲ့ ညီအစ်ကိုရင်း နှစ်ဦးဟာ သံသယနဲ့ အမုန်းတရားကြောင့် ခွာပြဲခဲ့ကြပြီး သူတိုသေရင် အုတ်ဂူ ၂ လုံးကိုတောင် တတ်နိုင်သမျှ အဝေးဆုံးမှာ ထားဖို မှာကြားခဲ့တဲ့အထိ မုန်းတီးခဲ့ကြပါတယ်။ သူတိုနှစ်ယောက်ကတော့ ဂျာမနီနိုင်ငံ၊ ဟဲဇိုဂင်အော်အာမြိုမှာ မွေးဖွားခဲ့တဲ့ ရူးဒေါ့ဒက်စလာနဲ့ အဒေါ့ဒက်စလာတိုပါပဲ။
ဖိနပ်စက်ရုံလုပ်သား ဖခင်ဖြစ်သူကနေ မွေးဖွားလာခဲ့တဲ့ ဒက်စလာညီနောင်ဟာ ၂ နှစ်ကြီး၊ ၂ နှစ်ငယ်ဖြစ်ပါတယ်။ အဒေါ့ဒက်စလာက အားကစားသမား ဖြစ်ချင်ခဲ့ပေမဲ့ ပထမကမ္ဘာစစ်ဖြစ်လို စစ်မှုထမ်းခဲ့ရပြီး စစ်ပွဲပြီးသွားချိန်မှာတော့ သူ့အမေရဲ့အိပ်ခန်းထဲမှာ ဖိနပ်စက်ရုံငယ်လေးတစ်ခု တည်ထောင်ခဲ့ပါတယ်။
ကုန်ကြမ်းပစ္စည်း ရှားပါးတာကြောင့် စစ်ပွဲအတွင်း ကျန်ရစ်တဲ့ အကြွင်းအကျန်ပစ္စည်းတွေကို လိုက်ကောက်ကာ ဖိနပ်ချုပ်မယ့် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုခဲ့တာပါ။ ဖိနပ်စက်ရုံငယ်လည်း စတင်ပြီး ၂ နှစ်အကြာမှာတော့ ရူးဒေါ့က အရောင်းပိုင်းနဲ့ ဈေးကွက်ရှာဖွေရေးမှာ ပါဝင်ကူညီခဲ့ပါတယ်။
၁၉၂၅ ခုနှစ်မှာတော့ သူတိုစက်ရုံဟာ ဘောလုံးကန်ဖိနပ်တွေ စတင်ထုတ်လုပ်ခဲ့ကြပြီး ဖိနပ်အောက်မှာ ကုတ်အားကောင်းစေမယ့် သံဖုတွေ ထည့်သွင်းခဲ့တာကတော့ အဲဒီကာလတုန်းက ဖန်တီးမှုအသစ်တစ်ရပ်ပါပဲ။ အလုပ်သမား တစ်ဒါဇင်လောက်ပဲရှိတဲ့ သူတိုစက်ရုံကနေ တစ်နေ့ကို အားကစားဖိနပ် အရံ ၅၀ လောက် ထုတ်လုပ်ခဲ့ပါတယ်။
၁၉၂၈ ခုနှစ် အမ်စတာဒမ်အိုလံပစ်ပြိုင်ပွဲမှာတော့ ဒက်စလာကုမ္ပဏီထုတ် ဖိနပ်စီးပြီး အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲဝင်ခဲ့တဲ့ လီနာရက်ကီက စံချိန်သစ်တင်ပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့တာကြောင့် ဒက်စလာကုမ္ပဏီရဲ့ သတင်းက တဟုန်းချင်းပျံ့နှံသွားခဲ့ပြီး ၁၉၃၂ လော့စ်အိန်ဂျလိစ်အိုလံပစ်၊ ၁၉၃၆ ဘာလင်အိုလံပစ်ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တွေက သူတိုကုမ္ပဏီထုတ်ဖိနပ်တွေကို အသုံးပြုခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ် ဖြစ်ချိန်မှာတော့ ရူးဒေါ့က စစ်မှုထမ်းခဲ့ရပြီး အဒေါ့ဖ်ကတော့ ကုမ္ပဏီကို ဆက်လက်လည်ပတ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြောင့် ကုန်ကြမ်းပစ္စည်း (အထူးသဖြင့် သားရေကုန်ကြမ်း) ရှားပါးခဲ့ပေမဲ့ ဒက်စလာကုမ္ပဏီကတော့ အားကစားဖိနပ်တွေကို ဆက်လက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် အဆုံးသတ်သွားပြီးနောက် တစ်အိမ်တည်းအတူနေကြတဲ့ ညီအစ်ကိုနှစ်ဦးကြား စိတ်သဘောထား မတိုက်ဆိုင်မှုတွေ ရှိလာသလို သူတိုရဲ့ ဇနီးတွေကလည်း မတည့်ကြပါဘူး။ နောက်ဆုံးမှာတော့ သူတိုနှစ်ယောက် လုပ်ငန်းခွဲကြပြီး အဒေါ့ဖ်ကတော့ သူ့ကုမ္ပဏီနာမည်ကို Adidas အမည်နဲ့ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
ရူးဒေါ့ဖ်ကတော့ အာရက်မြစ် တစ်ဖက်ကမ်းမှာ စက်ရုံတည်ခဲ့ပြီး Ruda ( နောက်ပိုင်းမှာ Puma ကုမ္ပဏီ ဖြစ်လာ) အမည်နဲ့ အားကစားဖိနပ်တွေ ထုတ်လုပ်ခဲ့ပါတယ်။ သူတို ညီအစ်ကိုနှစ်ယောက်ကြား ပြိုင်ဆိုင်မှုဟာ ပြင်းထန်လွန်းလှပြီး သူတိုရဲ့ပတ်ဝန်းကျင်အထိ ကူးစက်သွားခဲ့ပါတယ်။ အာရက်မြစ် ပိုင်းခြားထားတဲ့ တစ်ဖက်စီမှာ Adidas ကို အားပေးတဲ့အဖွဲ၊ Puma ကို အားပေးတဲ့အဖွဲဆိုပြီး နှစ်ဖွဲကွဲခဲ့ပါတယ်။
သူတို ညီအစ်ကိုနှစ်ယောက်ဟာ အသက်ရှင်စဉ်ကာလအတွင်း တစ်ဦးနဲ့တစ်ဦး ပြန်လည်သင့်မြတ်ခြင်း မရှိခဲ့ပါဘူး။ သူတိုကွယ်လွန်သွားရင် အုတ်ဂူနှစ်လုံးကို အဝေးဆုံးထားပေးဖို မှာကြားခဲ့တာကြောင့် ဟဲဇိုဂင်အော်အာမြိုသုဿန်ရဲ့ တစ်ဖက်ခြမ်းစီမှာ သူတိုနှစ်ဦးကို မြှုပ်နှံခဲ့ကြပါတယ်။
ကုမ္ပဏီကို အများပိုင်ကုမ္ပဏီအဖြစ် စတော့ရှယ်ယာတွေ ရောင်းချခဲ့ပြီးနောက်မှာတော့ Adidas နဲ့ Puma ကုမ္ပဏီတွေဟာ ဒက်စလာမိသားစုရဲ့ လက်အောက်မှာ မရှိကြတော့ဘဲ ပြိုင်ဆိုင်မှုလည်း ပပျောက်သွားခဲ့ပါတယ်။ ရူးဒေါ့ရဲ့ မြေးဖြစ်သူ ဖရန့်ဒက်စလာကတောင် Adidas ကုမ္ပဏီရဲ့ ဥပဒေရေးရာ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်လျက် ရှိပါတယ်။
Ref: Adidas and Puma: How a sibling rivalry gave rise to two giants of the sports world
NZ ( ရိုးရာလေး)