ထီပေါက်ခဲ့ပေမဲ့ ထီလက်မှတ်ပျောက်လို့ ၃ လကျော်လောက်ရှာယူခဲ့ရတဲ့ စုံတွဲ

27.2.24-yyl-11.jpg

ကင်တပ်ကီပြည်နယ်က မက်ခ် ပါဒူးနဲ့သူ့ဇနီးတို့ဟာ ဒေါ်လာ ၅၀၀၀၀ ထီဆုကြီး ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီပေါက်မဲထီလက်မှတ်က ပျောက်နေလို့ ၃ လကျော်လောက်ရှာယူခဲ့ရပါတယ်။ မက်ခ်က AM Express စတိုးကနေ Powerball ထီလက်မှတ်ကို ဝယ်ယူခဲ့တာပါ။ သူက အဲ့ဒီမှာ ထီထိုးလေ့ရှိတဲ့ ပုံမှန်ဖောက်သည်တစ်ခုပါ။

ထီဝယ်ပြီး တစ်ပတ်အကြာ ဆိုဒါဝယ်ဖို့ စတိုးဆိုင်ကို သွားတော့ စတိုးဆိုင်ပိုင်ရှင်က သူ့ကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ သူကလည်း ဘာအတွက်လဲ ပြန်မေးခဲ့ရပါတယ်။ စတိုးဆိုင်ပိုင်ရှင်က ထီပေါက်တယ်လို့ ပြောမှ သူ ထီဆုကြီးပေါက်မှန်းသိခဲ့ရပါတယ်။ အဲ့ဒီထီလက်မှတ်ကလည်း ပျောက်နေလို့ မက်ခ်တို့လင်မယားနှစ်ယောက်လုံး ၃ လကျော်လောက် ရှာခဲ့ရပါတယ်။

ကံကောင်းထောက်မစွာနဲ့ ကံကြမ္မာက မော်တော်ယာဉ်ထောက်ပံ့ရေးကုမ္ပဏီ Kiriu USA ရဲ့ဥက္ကဌဖြစ်တဲ့ မက်ခ်ဘက်ရှိနေခဲ့ပါတယ်။ ဖေဖော်ဝါရီလအစပိုင်းမှာ အခြားကုမ္ပဏီခွဲက မန်နေဂျာက သူ့ဆီလာရောက်ခဲ့ပြီး ကုမ္ပဏီကားလိုအပ်ခဲ့တာကြောင့် မက်ခ်က ကားပေးဖို့ ကားကို စစ်ဆေးတဲ့အချိန် သူ့ရဲ့ပေါက်မဲထီလက်မှတ်ကို ရှေ့ခုံမှာ တွေ့ခဲ့ရပါတယ်။ ကားကိုအသုံးပြုစဉ် အိတ်ကပ်ထဲက ပြုတ်ကျသွားခဲ့တာဖြစ်နိုင်တယ်လို့ မက်ခ်က ယုံကြည်ထားပါတယ်။

ထီလက်မှတ်ပြန်တွေ့တဲ့အချိန်မှ ထီဆုငွေကို ထုတ်ယူခဲ့ရပါတယ်။ အခွန်ဆောင်ပြီးနောက် ထီဆုငွေ ဒေါ်လာ ၃၆၀၀၀ ရရှိခဲ့ပါတယ်။ ဒီဆုငွေတွေကို ဘေလ်ဆောင်ဖို့နဲ့ ခရီးထွက်ဖို့ အသုံးပြုသွားမယ်လို့ မက်ခ်က ပြောပါတယ်။

Ref: Kentucky Couple Wins $50K Lottery Prize — After Spending Over 3 Months Looking for Lost Ticket!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top