အိန္ဒိယနိုင်ငံ ကိုဗစ်ကွာရန်တင်းစင်တာမှာ ၁၄ နှစ်သမီး လိင်အနိုင်ကျင့်ခံရ

indiaintl.jpg

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Covid-19 ကွာရန်တင်းစင်တာမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို တခြားလူနာတစ်ယောက်က လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီဖြစ်ရပ်မှာ အသက် ၁၉ နှစ်အရွယ် စွပ်စွဲခံရသူအမျိုးသားနဲ့ ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့တယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိတယ်လို့ စစ်ဆေးတွေ့ရှိသူတွေဖြစ်ပြီး ရောဂါလက္ခဏာ အနည်းငယ်ပြနေသူတွေပါ။ သူတို့ကို အိန္ဒိယနိုင်ငံရှိ အကြီးမားဆုံး Covid-19 ကွာရန်တင်းစင်တာဖြစ်တဲ့ ခုတင် ၁၀၀၀၀ ဆံ့ ကွာရန်တင်းစင်တာမှာ အသွားအလာ ကန့်သတ်ထားတာပါ။

လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ်ဟာ ဇူလိုင်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ပေမဲ့ သိပ်မကြာခင်ကမှ သတင်းထွက်ခဲ့တာပါ။ ” စွပ်စွဲခံထားရသူတွေကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒါပေမဲ့ ရောဂါမပျောက်ကင်းသရွေ့ ကျန်းမာရေးစောင့်ရှောက်ပေးသွားမှာပါ”လို့ ထိပ်တန်းရဲအရာရှိ ပါဗင်ဒါဆင်းမ်က ပြောပါတယ်။ ကွာရန်တင်းစင်တာရဲ့ ရေချိုးခန်းထဲမှာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ မိန်းကလေးငယ်က ကွာရန်တင်းစင်တာမှာ သူတို့အတူရှိနေတဲ့ မိသားစုဝင်တစ်ယောက်ကို ဒီဖြစ်ရပ်အကြောင်း ပြောပြခဲ့ပြီးနောက်မှာ အာဏာပိုင်တွေထံ အကြောင်းကြားခဲ့တာပါ။

ကမ္ဘာ့အကြီးဆုံး ကွာရန်တင်းစင်တာလို့ သတ်မှတ်ထားတဲ့ အဲဒီစင်တာဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများရှိပြီး အိမ်မှာသီးသန့်ခွဲနေဖို့ အဆင်မပြေသူတွေကို ထားတဲ့နေရာပါ။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁.၂ သန်းကျော် ရှိနေပြီး ကမ္ဘာပေါ်မှာ ရောဂါကူးစက်ခံရသူ တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း မွမ်ဘိုင်းမြို့မှာရှိတဲ့ ကွာရန်တင်းစင်တာမှာ အမျိုးသမီးတစ်ယောက် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ ဘီဟာပြည်နယ်၊ ပါတနာမြို့မှာရှိတဲ့ ကွာရန်တင်းစင်တာမှာလည်း အသက်မပြည့်သေးသူတစ်ယောက်ကို သီးသန့်ဆောင်အတွင်း အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top