ကရုဏာသက်မိစေမယ့် ဓာတ်ပုံများ

4-3-2020-yyl-001-12.jpg

တချို့အကြောင်းအရာတွေက ဓာတ်ပုံတစ်ပုံတည်းနဲ့တင် လူတွေရဲ့ ရင်ထဲကို ရောက်အောင်လုပ်နိုင်သလို လူတွေကို ကရုဏာသက်မိသွားအောင်လည်း လုပ်နိုင်ကြပါတယ်။ ကမ္ဘာပေါ်မှာ လူတွေကိုရဲ့သနားစိတ်၊ အကြင်နာတရားတို့ကို ကိုင်လှုပ်နိုင်တဲ့အရာများစွာလည်းရှိပါတယ်။ လူတွေ မြင်လိုက်တာနဲ့ကို လူတွေရဲ့စိတ်ထဲကနေ အကြင်နာတရား၊ ဂရုဏာတရားတွေ သူ့အလိုလိုပေါက်ဖွားလာစေပါတယ်။ အခုတင်ဆက်ပေးမယ့်အကြောင်းအရာမှာ ဓာတ်ပုံတိုင်းက အကြင်နာတရား၊ သနားစာနာမှုနဲ့ ဘဝကို ရုန်းကန်လှုပ်ရှားကျော်လွှားနေမှုတွေအကြောင်း ဖော်ပြနေတဲ့ အကြောင်းအရာလေးတွေဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေက သင့်ကို ကောင်းမှုကုသိုလ်တွေလုပ်ဆောင်ဖို့ အမြဲတမ်းအချိန်ရှိသေးတယ်ဆိုတာကို တွေးမိလာစေနိုင်ပါတယ်။ ဒါ့အပြင် အခြားသူတွေရဲ့အကြင်နာတရားတွေကိုလည်း မြင်တွေ့လာနိုင်ပါတယ်။ ဒီအကြောင်းအရာလေးက ဓာတ်ပုံတွေက စာဖတ်ပရိသတ်တွေကို စိတ်ဓာတ်ခွန်အားရှိလာအောင်၊ ကြင်နာတရားထားတတ်လာအောင် တွန်းအားဖြစ်စေမယ်လို့ ယုံကြည်မိပါတယ်။

လူတွေ မြင်လိုက်တာနဲ့ ကရုဏာသက်မိစေမယ့် ဓာတ်ပုံတွေကို မျှဝေပေးလိုက်ရပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးက ကိုရိုနာဗိုင်းရပ်စ်သစ်တိုက်ဖျက်ရာမှာ ကူညီပေးဖို့ ဝူဟန်ကို ထွက်မခွာခင် သူ့ရဲ့ဇနီးကို နှုတ်ဆက်နေပုံ

အမျိုးသားတစ်ဦးကို လှူပေးထားတဲ့ သူ့သမီးရဲ့နှလုံးခုန်သံကို မိခင်က နားထောင်နေတာဖြစ်ပါတယ်။

သူ့ရဲ့ဦးထုပ်နဲ့ဆုတံဆိပ်ကို ဝတ်ဆင်ထားတဲ့ စေတနာ့ဝန်ထမ်းမီးသတ်သမားရဲ့သမီးလေး

ဝှီးချဲနဲ့အမျိုးသားကို လှေကားပေါ်က ဆင်းလို့ရအောင် ကူညီပေးနေတဲ့ ရဲအရာရှိ

လူနာရဲ့ရောဂါသက်သာသွားအောင် သီဆိုပေးနေတဲ့ ခရစ်ယာန်ဓမ္မတေးသံစုံကျူးအဖွဲ့

မီးထဲကနေ ကယ်ဆယ်ခံခဲ့ရပြီး မီးသတ်သမားဖြစ်လာခဲ့တဲ့ ခွေးလေး

အိမ်ရာမဲ့တွေကို ဆံပင်အလကားညှပ်ပေးနေတဲ့ အမျိုးသား

သူတို့မှာ ပိုက်ဆံရှိတာမရှိတာကို ဂရုမစိုက်ဘဲ ခွေးလေးကို ကူညီပေးနေရှာတဲ့ ကောင်လေးနှစ်ယောက်

ရောဂါကူးစက်ခံရတာကြောင့် နားရွက်ဆုံးရှုံးလိုက်ရတဲ့ ကြောင်လေးအတွက် The Dane County Humane Society အဖွဲ့အစည်းက ဝန်ထမ်းက ကြောင်နားရွက်ပုံစံ သိုင်းကြိုးပါ အဝတ်ဦးထုပ်လေး ဖန်တီးပေးခဲ့

သူတို့ရဲ့အားလပ်ချိန်မှာတောင် ကိုအာလာဝက်ဝံလေးတွေကို ဂရုစိုက်ပေးနေတဲ့ သြစတြေးလျစစ်သားများ

မီးလောင်နေတဲ့အိမ်ကနေ ခွေးလေးကို ကယ်တင်ခဲ့ပြီး CPR လုပ်ဆောင်ခဲ့ရတဲ့ စေတနာ့ဝန်ထမ်းများ

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top