အရက်မူးလွန်ပြီး အိမ်တစ်လုံးကို ပေါင် ၂၀၀၀၀ နဲ့ လေလံဆွဲမိခဲ့သူ

9-27-2022-yyl-13.jpg

အရက်မူးပြီး လုပ်လိုက်မိတဲ့အရာက ငိုရခက်ရယ်ရခက်ဖြစ်သွားတာကို ကြံဖူးကြတယ်မလား။ အခုလည်း ဒီအမျိုးသမီးတစ်ဦးရဲ့ဇာတ်လမ်းက မယုံနိုင်လောက်စရာပါပဲ။ လူအာနာ ရီဘီရီယာဆိုသူအမျိုးသမီးက အရမ်းမူးပြီး အိမ်တစ်လုံးအတွက် ပေါင် ၂၀၀၀၀ နဲ့ လေလံဆွဲလိုက်တာကို သူ မသိလိုက်ဘူး။ လေလံဆွဲလိုက်တာ သူနိုင်သွားခဲ့ပါတယ်။

သူက အရက်မူးလွန်ပြီး အိမ်လေလံပွဲမှာပါဝင်ခဲ့တာပါ။ အဲဒီအဖြစ်အပျက်မတိုင်ခင် အစောပိုင်းက လေလံတင်ထားတဲ့ အိမ်ဝယ်ချင်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ အိမ်သွားကြည့်ခဲ့တာပါ။ ဒါပေမဲ့ သူ အလုပ်ပြီးတာနဲ့ နိုက်ကလပ်မှာ အရက်အနည်းငယ်သောက်ခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီအိမ် ပိုက်ဆံတွေအများကြီးပေးပြီး လေလံဆွဲမိသွားခဲ့ပါတယ်။

“လေလံတင်ထားတဲ့ အိမ်တစ်အိမ်ကို သူငယ်ချင်းတစ်ယောက်နဲ့ သွားကြည့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့သူငယ်ချင်းက အဲဒီအိမ်ရဲ့တည်နေရာကို မကြိုက်တဲ့အတွက် မလိုချင်ခဲ့ဘူး။ ကျွန်မက အဲဒီအိမ်ကို ကြိုက်ခဲ့တယ်။ လှပြီး ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်နိုင်တယ်လို့ တွေးမိခဲ့တယ်။ ကျွန်မ အလုပ်ပြီးတော့ နိုက်ကလပ်ကို သွားခဲ့တယ်။ နောက်တော့ အရမ်းမူးသွားခဲ့တယ်။ ကျွန်မ မူးနေတဲ့အချိန်မှာ အိမ်ခြံမြေအကျိုးဆောင်ကို ဖုန်းခေါ်ပြီး အဲဒီအိမ်ကို လေလံဆွဲမိခဲ့တယ်”လို့ လူအာနာက ဆိုပါတယ်။

လူအာနာက အိမ်လေလံဆွဲပြီးတဲ့နောက်မှာ မူးပြီး အိပ်ပျော်သွားခဲ့ပါတယ်။ အိပ်ရာနိုးလာတဲ့အထိ အိမ်လေလံဆွဲခဲ့ပြီး အိမ်ရသွားခဲ့တယ်ဆိုတာကို သူ မသိခဲ့ဘူး။ နောက်တော့ သူ့ချစ်သူကောင်လေး (ယခုရည်းစားဟောင်း) ပြန်ပြောပြမှ သူသိခဲ့ရပါတယ်။ လူအာနာအတွက် ဒီဖြစ်ရပ်က ကောင်းတဲ့ဇာတ်သိမ်းဖြစ်ခဲ့ပါတယ်။

လူအာနာက တစ်နှစ်လောက်ကြာတော့ အဲဒီအိမ်ကို သူ ဝယ်ခဲ့တုန်းက ဈေးထက် (၂) ဆနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီအိမ်ရောင်းရတဲ့ အမြတ်ငွေက ပေါ်တူဂီနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်လို့တောင်ရခဲ့ပြီး အဲဒီမှာ စာရေးဆရာမဖြစ်လာကာ ကိုယ်ပိုင်မီဒီယာကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။

Ref: Ladbible “Woman got so drunk she forgot that she bid £20,000 on house in auction and won”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top