အသက် (၃၀) ကျော်ပေမဲ့ လှပနေဆဲဖြစ်အောင် ဘာတွေလုပ်မလဲ

35yr-beauty.jpg

ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အသက်အရွယ်ရလာတာနဲ့အမျှ ငယ်စဉ်တုန်းက စားသောက်နေထိုင်မှု ပုံစံအမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ပုံစံမျိုးနဲ့ ခန္ဓာကိုယ်အချိုးအစားတွေ ပြောင်းလဲလာတတ်ကြပါတယ်။

အချို့က ဗိုက်တွေပူလာမယ်။ အချို့က ခန္ဓာကိုယ်အလေးချိန်တွေ တက်လာမယ် စတဲ့ ပြဿနာတွေမဖြစ်ရလေအောင် ပြုလုပ်သင့်တဲ့ အလေ့အထကောင်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

အစားအသောက်ကို သတိထားပြီး ရွေးချယ်ပေးပါ။ အသက်(၃၀)အရွယ်ခန့်ကစပြီး ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေက ငယ်စဉ်ကလို မလျင်မြန်တော့ဘဲ နှေးကွေးလာပါတယ်။ အဲဒါကြောင့် အစားအသောက်စားသောက်တဲ့အခါမှာလည်း စားလိုက်တဲ့ အစားအစာရဲ့ ကယ်လိုရီပမာဏကို အလျင်မီအောင် မဖျက်ဆီးပေးနိင်တော့ပါဘူး။ ဒီအတွက်ကြောင့် အလွန်အကျွံစားသောက်ခြင်းကို သတိထားရှောင်ကြဉ်သင့်ပြီး ခန္ဓာကိုယ်အလေးချိန်တက်စေမယ့် အစားအစာတွေကိုရှောင်ကြဉ်သင့်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးလာတာကြောင့် ပြန်လည် အားပြည့်အောင် အိပ်ရေးဝဝအိပ်စက်ဖို့လိုအပ်ပါတယ်။ အိပ်ရေးဝဝအိပ်စက်ခြင်းက ကိုယ်ရော စိတ်ပါ ကျန်းမာစေမှာပါ။ အချိန်ဘယ်လောက်အိပ်ရမယ်ဆိုတာထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က ပိုပြီး အရေးကြီးပါတယ်။ အိပ်ရာမဝင်ခင် လေ့ကျင့်ခန်းတွေ အပြင်းအထန်ပြုလုပ်ခြင်း၊ အစားအစာတွေ စားသောက်ခြင်းတို့က အိပ်စက်ခြင်းကို ထိခိုက်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

လေ့ကျင့်ခန်းတစ်ခုကို ပုံမှန်လေးလုပ်ပါ။ အချိန်မရှိလို့ အားကစားခန်းမ (Gym) ကိုသွားပြီး လေ့ကျင့်ခန်း မပြုလုပ်နိင်ဘူးဆိုရင်တောင် သင့်ရဲ့အိမ်မှာပဲ ကိုယ်လက်လှုပ်ရှားအားကစားနည်းတစ်ခုခုကို နေ့တိုင်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ တစ်နေ့ကို မိနစ်၃၀ တစ်ပတ်ကို (၅) ကြိမ်ပြုလုပ်ခြင်းက Gym မှာ တစ်ပတ် (၃) ကြိမ် ပြုလုပ်တာနဲ့ ညီမျှတယ်လို့ လေ့လာစမ်းသပ်ချက်တွေအရ သိရှိရပါတယ်။

ရေဓာတ်မဆုံးရှုံးပါစေနဲ့။ အားလုံးသိထားတဲ့အတိုင်းပဲ သင့်ရဲ့ကျန်းမာရေးကောင်းမွန်စေဖို့ ရေရဲ့အကျိုးကျေးဇူးကလည်း အဓိက သော့ချက်တစ်ခုအနေနဲ့ပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓာတ်ပမာဏကို အလုံအလောက်မရရှိဘဲ ဆုံးရှုံးနေမယ်ဆိုရင် အသားအရေတွေ ခြောက်သွေ့လာမှာဖြစ်ပြီး အချိန်မတန်မီ အိုမင်းရင့်ရော်မှုကို ဖြစ်စေတာကြောင့် နေ့စဉ်ပုံမှန် လုံလောက်တဲ့ ရေဓာတ်ပမာဏကို ဖြည့်ဆည်းပေးဖို့ အထူးလိုအပ်ပါတယ်။

Ref: “5 tips that can help you get a nice body after 30”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top