ဇနီး (၆) ဦးနဲ့အတူ အိပ်ရာတစ်ခုတည်းမှာ အိပ်ချင်လို့ ပေ ၂၀ ရှည်တဲ့ ကုတင်အတွက် ငွေအများကြီးကုန်ကျခံခဲ့တဲ့ ဘရာဇီးအမျိုးသား

1.5.2023-yyl-8.jpg

အာသာ အို အူရ်ဆိုအမည်ရတဲ့ ဘရာဇီးအမျိုးသားက သူ့ရဲ့ဇနီး ၆ ဦးနဲ့အတူ အိပ်ရာတစ်ခုတည်းမှာ အိပ်ချင်လို့ ပေ ၂၀ ရှိတဲ့ ကုတင်တစ်လုံးအတွက် ပေါင် ၈၀၀၀၀ အကုန်အကျခံခဲ့တာပါ။ အာသာမှာ ဇနီး ၉ ဦး ရှိခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ဇနီး ၄ ဦးနဲ့ ကွာရှင်းခဲ့ပါတယ်။ မကြာသေးခင်က ၅၁ နှစ်အရွယ် အိုလင်ဒါ မာရီယာကို လက်ထပ်ခဲ့တဲ့အတွက် လက်ရှိမှာတော့ ဇနီး ၆ ဦးရှိပါတယ်။

သူက လူအာနာ ခါဇာကီ (၂၇နှစ်)၊ အက်မလီ ဆိုအူဇာ (၂၁ နှစ်) ၊ ဗာလ်ကွီရီယာ ဆန်တို့စ် (၂၄ နှစ်)၊ အိုလင်ဒါ မာရီယာ (၅၁ နှစ်)၊ ဒါမီယာနာ (၂၃ နှစ်)၊ အမန်ဒါ အက်လ်ဘူကွာ (၂၈ နှစ်) ကို လက်ထပ်ထားတာပါ။ ဆောပေါလိုမြို့ခံဖြစ်တဲ့ အာသာက သူနဲ့ သူ့ဇနီးတွေရဲ့ဆက်ဆံရေးကို အဆင်ပြေပြေနဲ့ ပျော်ရွှင်နေဖို့ မျှော်လင့်နေတာပါ။ အဲဒီလိုဖြစ်ဖို့အတွက် ပေ ၂၀ ကုတင်တစ်လုံးကို ရဖို့ စီစဉ်ခဲ့တာပါ။ ဒီကုတင်ကြီးကို လူ ၁၂ ဦးအဖွဲ့တစ်ဖွဲ့က ၁၅ လ အချိန်ယူပြီး ဆောက်လုပ်ခဲ့တာပါ။

သူ ဇနီး (၆) ဦးယူဖြစ်ခဲ့တဲ့အစီစဉ်က ၂၀၂၁ ခုနှစ်မှာ သူနဲ့ သူ့ရဲ့ဇနီး လီယာနာတို့ဟာ သူတို့ရဲ့ဆက်ဆံရေးကို open relationship ဖြစ်ဖို့ ရွေးချယ်ခဲ့ပြီးတဲ့နောက်မှာ ဖြစ်လာခဲ့တာပါ။ အာသာနဲ့သူ့ရဲ့ဇနီးတွေမှာ OnlyFans အကောင့်ရှိပြီး အဲဒီကနေ တစ်လကို ပေါင် ၄၈၈၂၈ ဝင်ပါတယ်။ သူက သူ့ဇနီးတွေကို ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကျေနပ်စေချင်တယ်လို့ ဆိုထားပါတယ်။

Ref: Polyamorous Brazilian Man Spends Rs 80 Lakh For 20-Foot Bed To Share It With His 6 Wives

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top